ယူနိုက်တက်နဲ့ လက်ရှိကလပ် နာပိုလီမှာ ကစားရတာချင်း ကွာခြားမှု အကြောင်း ပြောလာတဲ့ တော်မီနေး
သရဲနီ ကွင်းလယ်ဟောင်း စကော့ မက် တော်မီနေးဟာ မန်ချက်စတာယူနိုက်တက်နှင့် နာပိုလီတို့အတွက် ကစားရမှုအကြား အကြီးမားဆုံးကွာခြားချက်ကို ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၂၇ နှစ်ရှိ စကော့တလန်လက်ရွေးစင်ဟာ ယူနိုက်တက်တွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကစားပြီးနောက် နွေရာသီတုန်းက အိုးထရက်ဖို့ဒ်အား စွန့်ခွာကာ နာပိုလီသို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
တော်မီနေး ဟာ စီးရီးအေကလပ် နာပိုလီသို့ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ပြီးတဲ့နောက် ခြေစွမ်းပြကစားနေပါတယ်။ သူဟာ နာပိုလီအတွက် ၄ ပွဲကစားထားရာမှာ ရှုံးပွဲမကြုံရသေးဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။
တော်မီနေး က မွန်ဇာကို အနိုင်ရတဲ့ပွဲမှာ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သလို ပါလာမိုအား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်မှာ ရှိစဉ်တုန်းက အဲရစ်တန်ဟက် လက်အောက်မှာ အရေးမပါတဲ့ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။

နာပိုလီမှာ နည်းပြ ကွန်တီလက်အောက်မှာ ကစားနေတဲ့ စကော့မက် တော်မီနေး က ကလပ်နှစ်သင်း အခြေအနေနဲ့ ပတ်သတ်ပြီး
“အရမ်းကွဲပြားတယ်။ စီးရီးအေက ပိုပြီးတော့ နည်းဗျူဟာ ပိုဆန်တယ်။ ကိုယ့်တာဝန်နဲ့ အသင်း၊ ကစားဖော်တွေအကြား သိထားဖို့ လိုတယ်။ ကြံ့ခိုင်မှုပိင်းကတော့ ပရီးမီးယားလိဂ်က ပိုအားပြုတယ်ပေါ့။
ဒါပေမဲ့ စီးရီးအေလည်း ကြံ့ခိုင်မှုအားပြုတာပါပဲ။ နည်းဗျူဟာပိုင်းမှာတော့ အီတလီက ပိုအားပြုတယ်။ အင်္ဂလန်နဲ့ စာရင် အီတလီချန်ပီယံရှစ်ရဲ့ အဆင့်အပေါ် အထင်ကြီးမိတယ်။ အခုအချိန်အထိ ဘယ်လို လုပ်ရမလဲဆိုတာ မသိသေးဘူး။
အသင်းတွေရဲ့ နည်းဗျူဟာပိုင်းအဆင့်အပေါ်မှာလည်း အထင်ကြီးမိတယ်။ ကစားသမားတွေ၊ ကိုယ့်ကစားဖော်တွေအပေါ်မှာရောပဲ”လို့ ပြောကြားသွားပါတယ်။
စကော့မက်တိုမီနေးဟာ ယူနိုက်တက်အတွက် ၂၅၅ ပွဲကစားပေးခဲ့ရာမှာ ၂၉ ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
အသင်းဟောင်း ယူနိုက်တက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး နာပိုလီကတော့ စီးရီးအေထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။