တန်ဟက် ရင်ဖွင့်လာတဲ့ စပါးနဲ့ပွဲကို ဘယ်နှခါ ပြန်ကြည့်ဖြစ်လဲ၊ ကစားသမားတွေရဲ့ မကျေနပ်ချက်များ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ ပြီးခဲ့တဲ့ရက်က အိုးထရက်ဖို့ဒ်မှာ စပါးကို ဂိုးပြတ် ရှုံးတဲ့ ရလဒ် အပေါ် ကစားသမားတွေက မကျေနပ်ချက်တွေ ရှိကြသလို အဲဒီပွဲကို သူလည်း တစ်ခါ ပြန်ကြည့် ဖြစ်တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
စပါးနဲ့ ပွဲကို ဘယ်နှစ်ခါ ပြန်ကြည့်ဖြစ်သလဲ? လို့ မေးခွန်းထုတ်ခံခဲ့ရရာ နည်းပြ တန်ဟက်က
” တစ်ကြိမ်ပါပဲ။ တခါတလေတော့ ပိုပြီး သိအောင် နားလည်အောင် အနောက် ပြန်ရစ်ကြည့်ရတာမျိုး ရှိတတ်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်ပါပဲ။
အဲဒီပွဲက စွမ်းဆောင်ရည် ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပြသနာကို ရှာဖွေးပြီး အဖြေကို အသင်းဆီ ပေးသွားဖို့က ပိုပြီး အရေးကြီးပါတယ် ” လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

ရှုံးပွဲ ရလဒ် အပေါ် ကစားသမားတွေရဲ့ စိတ်ခံစားချက်နဲ့ ပတ်သတ်ပြီးလည်း
” သူတို့တွေ အရမ်းကို စိတ်မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့က ကြံ့ခိုင်တဲ့ ကစားသမားတွေပါ။ အကောင်းဆုံး ပြန်လာကြပါလိမ့်မယ်။
ကျွန်တော်တို့ ရလဒ်ကျဆင်းလည်း သူတို့က ရှေ့ဆက်မြဲ ရှေ့ဆက်သူတွေပါ။ အသင်းသားတွေရဲ့ စိတ်ဓါတ်ကို ခင်ဗျားတို့ မြင်မှာပါ ။ ဒါက တစ်ဦးအတွက် တစ်ဦး တိုက်ပွဲဝင်ပေးတဲ့ အသင်းမှန်း ခင်ဗျားတို့ တွေ့မှာပါ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။