ဒီည ကန်ရမယ့် ပြိုင်ဘက် မန်ယူအသင်းရဲ့ တိုက်စစ်ကို စိုးရိမ်နေတဲ့ ပေါ်တို နည်းပြ ဘရူနို ရဲ့ ပွဲကြို ပြောစကား
ပေါ်တိုနည်းပြ ဗစ်တာဘရူနိုက မန်ချက်စတာယူနိုက်တက်အား အထင်သေးလျှင် ကိုယ့်လည်ပင်းကို ကိုယ်တိုင်ကြိုးကွင်းစွပ်သလို ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားကာ အဲရစ်တန်ဟက်အသင်းရဲ့ တိုက်စစ်ခြိမ်းခြောက်မှုအား စိုးရိမ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် စပါးစ်ကို ၃-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့အသင်း ဖြစ်ပြီး ယူရိုပါလိဂ်တွင် နိုင်ပွဲလမ်းကြောင်းပေါ်တက်ရေး မျှော်လင့်နေပါတယ်။
ဒါပေမဲ့ နည်းပြ ဘရူနိုက “ကိုယ့်လည်ပင်းကို ကိုယ်တိုင်ကြိုးကွင်းစွပ်တာနဲ့ပတ်သက်ပြီး လူတွေအများကြီး ပြောတာ ကြားဖူး ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလို လုပ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရည်မှန်းချက်ကိုပဲ ကြည့်တယ်။
ပြီးတော့ နောက်တစ်ဆင့်သို့ တက်ဖို့ပဲ အာရုံစိုက်တယ်။ ကျွန်တော်တို့ကတော့ မန်ချက်စတာ ယူနိုက်တက် ကို အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့သူတွေလို မြင်တယ်။ သူတို့ကို အနိုင်ယူဖို့ အကောင်းဆုံး အခြေအနေလို့လည်း မမြင်ပါဘူး။
ကိုယ့်ကိုယ်ကို ကြည့်တယ်။ သူတို့အပေါ် တလေးတစားနဲ့ ကြည့်တယ်။ လေးစားမှုအများကြီးနဲ့ပါ။ သူတို့မှာ တကိုယ်တော်ကောင်းတဲ့သူတွေ အများကြီးပါ။
အခု နောက်ဆုံးကစားထားတဲ့ (စပါးနဲ့) ပွဲအကြောင်း ခင်ဗျားတို့ ပြောနေတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးတစ်ပွဲတည်းပဲ ကြည်လို့မရပါဘူး အားလုံးခြုံကြည့်ရပါမယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်တွင် စပါးစ်နှင့်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မေဆင်မောင့်ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ခံလူဟယ်ရီမက်ဂွိုင်းယားမှာ ပေါ်တိုနှင့်ပွဲတွင် ပါဝင်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် ပေါ်တိုတွင်လည်း အာဆင်နယ်မှ တစ်ရာသီအငှားဖြင့် ပြောင်းလာတဲ့ ကွင်းလယ် ကစားသမား ဖေဘီယိုဗီအဲရာလည်း ပါဝင်လာပါမယ်။