မန်ယူအသင်းရဲ့ ဒီည ပေါ်တိုနဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ် အတွက် စူပါကွန်ပျူတာရဲ့ အကြိမ်ရေ တစ်သောင်း တွက်ထုတ်မှု

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီညမှာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် ပေါ်တို ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။

ဝေဖန်မှုနဲ့ ဖိအား များစွာ ရှိနေတဲ့ နည်းပြ တန်ဟက် အတွက်တော့ ဒီပွဲကနေ အနိုင်ရလဒ် ဆောင်ကျဉ်းပေးဖို့ကလွဲရင် တခြား လက်ခံစရာ အခြေအနေ မရှိပါဘူး။

Opta ရဲ့ စူပါကွန်ပျူတာကတော့ ပေါ်တိုနဲ့ ယူနိုက်တက် ပွဲကနေ ဘယ်လို ရလဒ်ထွက်လာမလဲ ဆိုတာ ကြိုတင် တွက်ချက် ခန်မှန်းမှုတွေ ပြုလုပ်လာပါတယ်။

စူပါကွန်ပျူတာရဲ့ အကြိမ်ရေ တစ်သောင်း တွက်ချက်မှုမှာ ပေါ်တိုက ဒီည ယူနိုက်တက် ကို အနိုင်ရဖို့ များနေပြီး အနိုင်ရနိုင်ခြေ ၅၅.၇% ထိရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနိုင်ရနိုင်ခြေကတော့ ၂၁.၄% သာ ရှိနေပြီး သရေကျသွားနိုင်ခြေကတော့ ၂၂.၉% ရှိတယ်လို့ အဖြေ ထွက်ထားပါတယ်။

ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲ အတွက် စူပါကွန်ပျူတာရဲ့ ချန်ပီယံ ခန့်မှန်းချက်မှာ ထိပ်ဆုံးက ရပ်တည်နေတာက ပေါ်တို ဖြစ်ပါတယ်။

ပေါ်တိုဟာ ၁၂.၈% ထိ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီရာသီ ချန်ပီယံ ဖြစ်နိုင်ခြေ ၄% သာ ရှိနေပါတယ်။

စူပါကွန်ပျူတာရဲ့ ကြိုတင်တွက်ထုတ်မှုတွေ မှန်၊ မမှန်ကိုတော့ ဒီည ပေါ်တိုနဲ့ ယူနိုက်တက် ပွဲမှာ စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။