ဝေဖန်အကဲဖြတ်မှုတွေကို ရာသီကုန်သွားမှပဲ လုပ်ကြစမ်းပါ လို့ နည်းပြ တန်ဟက် ပြောဆို
မနေ့ညက ယူရိုပါလိဂ်ပွဲအဖြစ် ပေါ်တိုကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ မန်ချက်စတာ ယူနိုက်တက်ဟာ အစောပိုင်း ၂ ဂိုးအသာဖြင့် ဦးဆောင်နေခဲ့ပေမယ့် ဂိုးတွေ ပြန်ပေးခဲ့ရပြီး မက်ဂွဲရားရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့် မရှုံးနိမ့်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ မကောင်းသလို ဥရောပမှာလည်း အခြေအနေ မကောင်းပေမယ့် နည်းပြ တန်ဟက်ကတော့ လေမလျှော့သေးပါဘူး။
အခုနေမှာ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အသင်းရဲ့ တိုးတက်မှုကို ယုံကြည်ပေးကြဖို့ သူ့ကို ရာသီကုန်မှသာ ဝေဖန်ကြဖို့ နည်းပြ တန်ဟက်က တောင်းဆိုလာပါတယ်။

တန်ဟက်က ” ဒီအခြေအနေမှာ ကျနော်တို့ကို ဝေဖန် အကဲဖြတ်တာတွေ မလုပ်ကြပါနဲ့ဦး။ ကျနော်တို့ကို ဝေဖန်လိုတယ်ဆိုရင် ရာသီကုန်မှ ဝေဖန်ပေးကြပါ။
ကျနော်တို့က တိုးတက်မှု လမ်းကြောင်းမှာ ရှိနေပါတယ်။ အချိန်ခဏ စောင့်ပေးကြပါ။ လက်ရှိ ကျနော်တို့အသင်းက တိုးတက်လာနေတယ်။ ကျနော်တို့ကလည်း ဆက်ပြီး ကြိုးစားနေတယ်။ ကျနော်တို့ တိုက်ခိုက်မှာပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် အကြီးအကဲတွေဟာ တန်ဟက်ကို အလျင်စလို မထုတ်လိုတာကြောင့် ဒီအပတ် ပေါ်တိုနဲ့ ဗီလာပွဲကို ကိုင်တွယ်ခွင့်ပေးဖို့ ဆုံးဖြတ်ထားတာပါ။
ပေါ်တိုကို မရှုံးခဲ့တဲ့နောက် ဗီလာပွဲမှာပါ ရလဒ်တစ်ခု ယူနိုင်ရင် နိုင်ငံတကာသီတင်းပတ် အပြီး ယူနိုက်တက် နည်းပြနေရာမှာလည်း တန်ဟက်ကိုပဲ ဆက်ထားဖွယ် ရှိနေဆဲဖြစ်ပါတယ်။