မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ ရာထူး ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့တဲ့ စီးရီးအေမှ နည်းပြ
မန်ချက်စတာယူနိုက်တက်ဟာ အဲရစ်တန်ဟက် နေရာ အစားထိုးဖို့ အင်တာမီလန်နည်းပြဆီမြွန်နီအင်ဇာဂီအား ကမ်းလှမ်းခဲ့ရာ ချက်ချင်းပယ်ချခြင်းခံလာရပါတယ်။
အသက် ၅၄ နှစ်ရှိ အဲရစ်တန်ဟက်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲတွင် ၃ ပွဲတည်းသာ အနိုင်ရရှိထားပြီး ယူနိုက်တက်နဲ့ အတူ ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ဖိအားများနှင့် ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်ဟာ ပဲလေ့စ်နှင့် ဂိုးမရှိသရေ၊ တွမ်တီးနှင့် ၁ ဂိုးစီသရေ၊ စပါးစ်ကို ၃-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် ပေါ်တိုအား အဝေးကွင်းတွင် ၂-၀ ဂိးဖြင့် ဦးဆောင်ပြီးမှ ၃ ဂိုးစီသရေကျခဲ့ပါတယ်။
ယင်းသို့ အခြေအနေကြောင့် အဲရစ်တန်ဟက်မှာ ရာထူးမှ ထုတ်ခံရလုနီးပါးအခြေအနေတွင် ရှိနေပြီး ဗီလာနှင့်ပွဲတွင် ရှုံးနိမ့်ပါက ထုတ်ပယ်ခံလာရဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ယခုအပတ်အကုန်တွင် နိုင်ငံတကာပွဲများကြောင့် ကလပ်ပွဲများ နားမည်ဖြစ်ရာ နည်းပြအပြောင်းအလဲ ပြုလုပ်ရန် အကောင်းဆုံးကာလ ကြုံနေပါတယ်။

ယူနိုက်တက်ဟာ အင်တာမီလန်အား စီးရီးအေဖလား ရရှိအောင် စွမ်းဆောင်ထားတဲ့အပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးခဲ့တဲ့ ဆီမြွန်နီ အင်ဇာဂီအား ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ အင်ဇာဂီဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပါတယ်။
အင်ဇာဂီရဲ့ အင်တာမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပေမဲ့ ထိပ်ဆုံးမှ နာပိုလီနှင့် ရမှတ် ၂ မှတ်တည်းသာ ကွာဟနေပါတယ်။
အင်တာမီလန်ဟာ စီးရီးအေ ၆ ပွဲကစားပြီးချိန်တွင် ၃ ပွဲနိုင်ထားပြီး ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။