ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်ကတော့ ဒီည ဗီလာကို မန်ယူ မရှုံးဘူး လို့ ခန့်မှန်းရလဒ် ထုတ်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီည ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။
ပွဲကတော့ ဒီနေ့ တနင်္ဂနွေနေ့ ဗီလာပါ့ခ်မှာ ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အက်စတွန်ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
အက်စတွန်ဗီလာ အတွက် စိုးရိမ်စရာကတော့ ဒဏ်ရာ ကိစ္စတွေပါ။ ဘိုင်ယန်နဲ့ ပွဲမှာ အမ်မဒူ အိုနာနာ လည်း ထော့နင်း ထော့နင်း ဖြစ်ခဲ့သလို လီယွန် ဘိုင်လီလည်း လူစားပြန်လဲခဲ့ရတယ်။ နောက်ပြီး အစွမ်းပြနေတဲ့ ဂိုးသမား မာတီနက်ဇ်ကလည်း တံကောက်ကြော ထိသွားပုံပါပဲ။
ကျွန်တော် ဒီ ခန့်မှန်းချက်ကို ရေးနေတုန်းက ယူနိုက်တက်ရဲ့ ပေါ်တိုနဲ့ ပွဲ မတိုင်ခင်ပါ။ တကယ်လို့ အဲဒီပွဲသာ ရှုံးရင် ဒီ ခန့်မှန်းချက်ကို ပြန်ပြင်ကောင်း ပြင်ရပါလိမ့်မယ်။
ကြာသပတေးနေ့ကသာ ယူနိုက်တက် ရှုံးရင် အဲရစ်တန်ဟက်ရဲ့ နည်းပြ ရာထူး အဆုံးသတ်သွားနိုင်တယ်။ တကယ်လို့ ဗီလာပါ့ခ်မှာလည်း ရှုံးပြန်တယ် ဆိုရင် နောက်ထက် ဆိုးဝါးတဲ့ ရှုံးပွဲ ဖြစ်နေမှာပါ။
ဒါပေမယ့် ဖြစ်လာမယ်တော့ ကျွန်တော် သိပ် မထင်ဘူး။ ယူနိုက်တက်က ရလဒ်ကောင်း တစ်ခုခု ရဖို့ အသည်းအသန် ဖြစ်နေတယ်။ ဒီတော့ ဒီပွဲကနေ သူတို့ အမှတ်တော့ ရသွားမယ် ခံစားမိနေတယ်။
ဗုဒ္ဓဟူးနေ့ညက ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြီးမှာ အက်စတွန်ဗီလာ အင်အား ကုန်သွားမလဲ ကျွန်တော် တွေးနေမိတယ်။ အဲဒီလိုသာ ဆိုရင် ဒီပွဲ ခြေစွမ်းပြဖို့ ရုန်းကန်ရနိုင်တယ်။
ကွင်းထဲက အားပေးမှုကတော့ အရင်ပွဲလို ဘယ်တူနိုင်ပါ့မလဲ။ ဒီပွဲက တနင်္ဂနွေနေ့ (အင်္ဂလန်အချိန်) နေ့လည်ခင်း ၂ နာရီ ပွဲလေ။ ဒါက ယူနိုက်တက် အတွက် အကူအညီ ဖြစ်သွားနိုင်ပါတယ်။
ခရစ် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
အက်စတွန် ဗီလာ ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။