ဖာနန်ဒက်စ် ကိစ္စ သူတို့ဘက်က မှားခဲ့တယ် ဝန်ခံလာတဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ အကြီးအကဲ
ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ PGMOL မှာ အကြီးအကဲ ဖြစ်တဲ့ ကွင်းလယ်ဒိုင်ဟေင်း ဟောင်းဝက်ဘ်ကတော့ စပါးနဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ အနီကဒ်ဟာ အမှားကြီး တစ်ခု ဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ အဆိုပါပွဲမှာ စပါးအသင်းကို တစ်ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပြီးနောက် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ လစ်ဟာမှုက ပွဲအပေါ် များစွာ အကျိုးသက်ရောက်စေခဲ့ပါတယ်။
ကွင်းလယ်ဒိုင်အဖွဲ့ချုပ်က ဖာနန်ဒက်စ်ရဲ့ အနီကဒ်ကို နောက်ပွဲတွေမှာ ပြန်လည် ပယ်ဖျတ်ပေးခဲ့ပေမယ့် မန်ယူအသင်းကတော့ အဆိုပါ ပွဲချိန်အတွင်း တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် အတော်လေးကို နစ်နာခဲ့ရပါတယ်။

ဟောင်းဝက်ဘ်က “ အခြေအနေက အနီကဒ်ပြသင့်ပေမယ့် ဖာနန်ဒက်စ်က အရင်ချော်လဲခဲ့တာပါ၊ ဒါက ပြိုင်ဘက်ကို ထိခိုက်စေဖို့ ဖျတ်ထုတ်လိုက်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် လက်ထောက်ဒိုင်တွေရဲ့ အမြင်မှာတော့ အနီကဒ်ပဲ သူတို့ ပြဖို့ မြင်မိခဲ့ကြမှာပါ၊
ဖာနန်ဒက်စ်က ပြိုင်ဘက်ကို ဒိုင်ဗင်ပစ်ခဲ့တာ မဟုတ်ပါဘူး၊ ကွင်းလယ်ဒိုင်က VAR ကို သေသေချာချာ သွားကြည့်သင့်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ အဆိုပါ အနီကဒ်ပြစ်ဒဏ်ကို နောက်ပွဲတွေအတွက် ရှောင်လွှဲနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာ အနီကဒ် ထပ်မံ ပြသခံခဲ့ရတာကြောင့် ဖီနာဘာချီနဲ့ပွဲကိုတော့ သေချာပေါက် လွဲချော်ရမှာ ဖြစ်ပါတယ်။