မန်ယူ အဝတ်လဲခန်းမှာ အသံဖမ်းစက် တပ်ခံရပြီး တန်ဟက် ညွှန်ကြားချက်များ ပေါက်ကြားခဲ့
အက်စ်တွန်ဗီလာအသင်းကို ဗီလာပါ့ခ် ကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့စဉ်က မန်ချက်စတာ ယူနိုက်တက် အသင်း အသုံးပြုခဲ့တဲ့ အဝတ်လဲခန်းအတွင်း အသံဖမ်းစက်အချို့ တပ်ဆင်ခြင်း ခံခဲ့ရကြောင်း သတင်းထွက်ပေါ်နေပါတယ်။
တဖက်စီ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ အိမ်ရှင် ဗီလာအသင်းဘက်က မန်ယူအသင်းရဲ့ အတွင်းရေး ညွှန်ကြားချက်တွေကို ခိုးယူ နားဆင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဗီလာအသင်းဘက်ကလည်း အဆိုပါ ကိစ္စကို စတင် စုံစမ်းစစ်ဆေးနေပါတယ်။
The Sun သတင်းဌာနက ကလည်း အဆိုပါ ကိစ္စကို အစောပိုင်းကတည်းက စတင်ဖွင့်ဟခဲ့ဖူးတာ ဖြစ်ပြီး တန်ဟတ် ညွှန်ကြားသမျှ ညွှန်ကြားချက်အားလုံး ဗီလာတို့ လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ဗီလာအသင်းဘက်ကတော့ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ပြောဆိုထားပြီး မန်ယူအသင်း ပရိသတ်တွေထဲက တစ်ယောက်ယောက်က ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အတွင်းလူအချို့က ဖွင့်ဟထားပါတယ်။
မန်ယူအသင်းကတော့ စပါးကို ဂိုးပြတ် ရှုံးခဲ့သလို ယခုတစ်ခေါက် ဗီလာနဲ့ပွဲမှာလည်း သရေသာ ထပ်မံကစားနိုင်ခဲ့တာကြောင့် အသင်းနည်းပြ တန်ဟတ်ဂ်ရဲ့ အနာဂတ်က စိုးရိမ်စရာ အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ အပတ်အတွင်း အသင်းအရေးပေါ် စည်းဝေးခေါ်ယူတွေ့ဆုံမှုပြုလုပ်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။