မန်ယူရဲ့ နွေ ကစားသမား ခေါ်ယူမှုထဲ ဘယ်သူက အကောင်းဆုံး စွမ်းဆောင်ပြနေသလဲ အကဲဖြတ်မှု

Ineos ပိုင်ရှင်သစ်များ ပူးပေါင်းပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီ နွေ ကစားသမား ခေါ်ယူမှုများကို အကဲဖြတ် သုံးသပ်ရာမှာ နောက်ခံလူ မာဇာရာဝီကတော့ အထင်ကြီးဖွယ် စွမ်းဆောင်ထားတာ တွေ့ရပါတယ်။

နွေ အပြောင်းအရွှေ့တုန်းက မန်ချက်စတာ ယူနိုက်တက် ခေါ်ခဲ့တဲ့ ကစားသမားသစ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁) မာဇာရာဝီ

မိုရိုကိုသား အစွန် နောက်ခံလူဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ၇ ပွဲလုံး မှာ ပွဲထွက် ကစားထားပြီး နွေ ခေါ်ယူမှုတွေထဲ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြနိုင်ဆုံးသူ ဖြစ်ပါတယ်။

၂) အူဂါတီ

ပီအက်စ်ဂျီ နောက်ခံလူဟောင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပြောလောက်အောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးပါဘူး။

၃) ဒီလစ်

နယ်သာလန်သား နောက်ခံလူဟာ စွမ်းဆောင်ရည်ကောင်းတွေ ဖြတ်ခနဲ ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် ခြေစွမ်း မတည်ငြိမ်တာက သူ့ရဲ့ သက်ရောက်မှုကို သက်သေထူဖို့ အကန့်အသတ် ဖြစ်နေပါသေးတယ်။

၄) ဇက်ဇီး

ဇက်ဇီးရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ သွားလိုက် ရပ်လိုက် ဖြစ်နေပါတယ်။ ဖူလ်ဟမ်နဲ့ ပွဲက သွင်းဂိုး တစ်ဂိုးသာ ဟိုက်လိုက် လုပ်စရာ ရှိသေးပြီး အရှိန်ကောင်း ရဖို့ ရုန်းကန်နေရဆဲပါ။

၅) ယိုရို

ယိုရို ကတော့ ဒဏ်ရာရပြီး နားနေရတာကြောင့် (ခြေစမ်းပွဲ မဟုတ်ဘဲ) ကလပ် အသင်းနဲ့ အတူ ပွဲထွက် ကစားနိုင်ဖို့ စောင့်ဆိုင်း ရဆဲပါ။