လိဂ်ပွဲတွေ ပြန်စချိန်မှာ ဒဏ်ရာ ရတွေများနေတာကြောင့် အကွက်ဆန်းတွေ ထွင်ရဖွယ် ရှိတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ အသင်းမှာ ဏ်ရာပြဿနာများ ကြုံတွေ့နေရမှုကြောင့် ဂျွန်နီအီဗန်စ် အား ပုံမှန်ကစားနေကြ မဟုတ်တဲ့ နေရာမှာ အသုံးပြုရန် စီစဉ်နေပါတယ်။

အီဗန်စ်ဟာ ယူနိုက်တက်မှာ အရန်အဖြစ်သာ ကစားနေရတာ ဖြစ်ပေမဲ့လည်း ဒဏ်ရာပြဿနာများ ကြုံနေရမှုနှင့်အတူ အရေးပါတဲ့ အခန်းကဏ္ဍက ကစားလာပါမယ်။

ယူနိုက်တက်မှာ နောက်ခံလူများဖြစ်တဲ့ လီနီယိုရို၊ တိုင်ရဲလ်မာလာစီယာ၊ လုခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယား၊ မာ့ဇ်ရာဝီတို့ ဒဏ်ရာရရှိနေပြီး ဘယ်နောက်ခံလူအဖြစ် အသုံးပြုနိုင်တဲ့ ကစားသမားအဖြစ် ဒါလော့တစ်ဦးတည်းသာ ရှိပါတော့တယ်။

ယင်းသို့ အနေအထားကြောင့် အဲရစ်တန်ဟက်ဟာ ယခုအပတ်တွင် ဘရန့်ဖို့ဒ်နှင့် ကစားရမဲ့ပွဲမှာ အီဗန်စ်ကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုလာနိုင်ပါတယ်။

တဖက်တွင် အဲရစ်တန်ဟက်အနေနဲ့ လီဆန်ဒရိုမာတီနက်ဇ်ကို ဘယ်နောက်ခံလူအဖြစ် ကစားစေပြီး အီဗန်စ်ကို ဗဟိုခံစစ်မှာ ဒီလစ်နှင့် အသုံးပြုနိုင်ပါသေးတယ်။

ဒါ့အပြင် အဲရစ်တန်ဟက်ဟာ လင်ဒီလော့ဖ်ကို ညာနောက်ခံလူအဖြစ် ကစားစေပြီး ဒါလော့ကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုကာ ပွဲထွက်လာနိုင်ပါသေးတယ်။