ဆာအဲလက်စ် ဖာဂူဆန်ကို ထပ်မံ ပိတ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရက်ကလစ်ရဲ့ တားမြစ်ချက်
ဆာဂျင်ရက်ကလစ်နဲ့ INEOS တို့ဟာဆိုရင် ဆာအဲလက်စ် ဖာဂူဆန်ကို အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်ရားထူး ကို ဖြုတ်ချအပြီးမှာတော့ ဆာအဲလက်စ်ဖာဂူဆန်အပါဝင် အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေကို ယူနိုက်တက်အသင်းရဲ့ အဝတ်လဲခန်းဆီသို့ ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။
အစဉ်အလာတစ်ခုနဲ့အသင်းရဲ့ သမိုင်းတစ်လျှောက်လုံးမှာရှိလာခဲ့တဲ့ အရာကို INEOS လက်ထက်မှာတော့ ချိုးဖျက်လိုက်တာ ဖြစ်ပြီးတော့ ဟိုးအရင်ကလူတွေဖြစ်တဲ့ ဒေးဗစ်ဂီးလ်၊ ဆာဘော်ဘီချာတန်ကနေ ဆာအဲလက်စ် အထိတိုင် အသင်းအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေဟာ အဝတ်လဲခန်းကို သွားရောက်နေကျ ဖြစ်ပါတယ်။
ဒီအရာကို INEOS ရဲ့ဘက်ကနေပြီးတော့ ပိတ်ပင်လိုက်တာ ဖြစ်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တွေနဲ့ ပတ်သက်တဲ့ အစဉ်အလာတစ်ခုဟာ နောက်ဆုံးမှာတော့ ပျက်သုဉ်းသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
အင်္ဂါနေ့မှာပဲ ယူနိုက်တက်ဟာ ကုန်ကျစရိတ် လျော့နေခြင်းရဲ့ အစိတ်အပိုင်းအဖြစ် တစ်နှစ်ကို ပေါင် ၂.၆ သန်း ပေးချေနေတဲ့ သံတမန်ရာထူးကနေ ဆာအဲလက်စ်ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်တွေအတွက် အသင်းခေါင်းဆောင်ဟောင်း ကန်တိုနာကတော့ အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ်ဟာ ဂန္တဝင်ကြီးအပေါ် လေးစားမှုကင်းမဲ့ခြင်းဖြစ်ပြီး အရှက်မရှိတဲ့ လုပ်ရပ်အဖြစ် ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။