ဇန်နဝါရီမှာ ဘိုင်ယန်အသင်းသား ၃ ဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြန်တဲ့ မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘိုင်ယန်မြူးနစ် ထံမှ နောက်ခံလူ ဒီလစ်နဲ့ ညာနောက်ခံကစားသမား မာဇာရာဝီတို့ကို ခေါ်ယူခဲ့ပြီးနောက် လာမယ့်ဆောင်းဈေးကွက်မှာပါ နောက်ထပ် ဘိုင်ယန်ကစားသမားတွေကို ထပ်မံ ခေါ်ယူသွားဖို့ပါ စီစဉ်နေပြန်ပါတယ်။

ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ လီအွန် ဂေါ်ရက်ဇ်ကာ တောင်ပံကစားသမား တောင်ပံကစားသမား လီရွိုင်း ဆာနေးနဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ (၃)ဦးလုံးကို ဆောင်းဈေးကွက်မှာပဲ ခေါ်ယူသွားချင်နေတယ်လို့ Sky Germany ရဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဒီကစားသမား (၃)ဦးထဲမှာ ယူနိုက်တက်က ဂျာမနီ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို ပိုမို အလိုရှိနေပြီး ဒီကစားသမားကိုတော့ ကက်စီမဲရိုး နေရာအတွက် အစားထိုးသွားချင်နေတာလို့ သိရပါတယ်။

ွခေစွမ်းပိုင်းတွေ ကျဆင်းသထက် ကျဆင်းလာတဲ့ ကက်စီမဲရိုးဟာ ဒီရာသီအကုန်မှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲရတော့မှာမို့ သူ့နေရာအတွက် ဂေါ်ရက်ဇ်ကာနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် (၂၉)နှစ်အရွယ် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မှာရော ဂျာမနီမှာပါ ပွဲကစားခွင့်တွေ အတော်လေးကို နည်းပါးနေပါတယ်။

ဒီလို ကစားသမားမျိုးကို ယူနိုက်တက်တို့ ခေါ်ယူမိမယ်ဆိုရင် အသင်းအတွက် ရေတိုလောက်သာ အကျိုးရှိနိုင်လောက်ပြီး တန်ဟက်ဂ်ရဲ့ ကစားကွက်ထဲမှာ အံ့ဝင်နိုင်မနိုင်ဆိုတာကလည်း မသေချာဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်သာ ဂေါ်ရက်ဇ်ကာကို ခေါ်ယူချင်မယ်ဆိုရင်တော့ ဘိုင်ယန်ဘက်က သေချာပေါက် ရောင်းထုတ်လာနိုင်ပါတယ်။

ယူနိုက်တက်က ဂေါ်ရက်ဇ်ကာအပြင် ဆာနေးနဲ့ ဒေးဗီးစ်တို့ကိုလည်း ခေါ်ယူသွားချင်နေတယ် ဆိုပေမယ့် ဆာနေးက မန်စီးတီး ကစားသမားဟောင်းဖြစ်လို့ သူ့အသင်းဟောင်းရဲ့ မြို့ခံကလပ်ဆီ ပြောင်းရွှေ့ဖွယ် မရှိနိုင်ပါဘူး။

ဒေးဗီးစ်ကလည်း ရာသီအကုန် ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ အသင်းက ထွက်ခွာပြီး ရီးရဲလ် မက်ဒရစ်အသင်းဆီသာ ပြောင်းရွှေ့နိုင်ပါတယ်။