မန်ယူက အသင်းပြောင်းခွင့် ပိတ်ပင်ခဲ့လို့ သူ ဘယ်လောက် စိတ်ပျက်ခဲ့ကြောင်း ပေါ့ဘာ ရင်ဖွင့်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပေါ့ဘာ အသင်းပြောင်းရွှေ့မယ့် ကိစ္စကို ပိတ်ပင်ခဲ့ဖူးကြောင်း ပြင်သစ်သား က ဖွင့်ဟသွားခဲ့ပါတယ်။

ပြင်သစ်နဲ့ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ့ဘာဟာ ၂၀၁၈ ရာသီမှာ အထူးခြေစွမ်းပြသနိုင်ခဲ့သူ တစ်ယောက် ဖြစ်ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အသင်းဘုတ်အဖွဲ့က ကစားသမားကို ရောင်းချဖို့ ပိတ်ပင်ခဲ့ကြပြီး စီအီးအိုဟောင်း ဝုဒ်ဝါ့ဒ်က ပေါ့ဘာကို ဆက်ထိမ်းဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာက “ အဲ့ဒီနှစ်တုန်းက မော်ရင်ဟို အထွက် ဆိုးလ်ရှား အဝင်ပေါ့ဗျာ၊ ကျွန်တော့်ရဲ့ အကောင်းဆုံး ရာသီလို့တောင် ပြောလို့ရခဲ့ပါတယ်၊ အဲ့ဒီရာသီအပြီး အိုလေ နဲ့ ဝုဒ်ဝါ့ဒ်ကို ကျွန်တော် သွားတွေ့ပြီး ကျွန်တော် အသင်းက ထွက်ချင်နေတဲ့ အကြောင်း ပြောပြဖြစ်ခဲ့ပါတယ်၊ အဲ့ဒီတုန်းက ကျွန်တော့်အသက်က ၂၇ နှစ်ပေါ့။

ကျွန်တော် အသင်းက ထွက်ချင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး၊ ကျွန်တော်က အသင်းကို အပြည့်အဝ ပေးဆပ်နေပေမယ့် အသင်းဘက်က တုန့်ပြန်မှု မကောင်းခဲ့ဘူးလို့ ကျွန်တော် ခံစားခဲ့ရလို့ အသင်းပြောင်းချင်နေခဲ့တာပါ။

နောက်ပြီး စီးတီးနဲ့ လီဗာပူးလ်တို့ကလည်း ကျွန်တော်တို့ အသင်းထက် ရေရေလည်လည် ပိုကောင်းနေပါတယ်၊ အိုလေကတော့ ကျွန်တော် အသင်းပြောင်းမယ့် ကိစ္စကို yes ဆိုပြီး အဖြေပေးခဲ့ပေမယ့် ဝုဒ်ဝါ့ဒ်က ကျွန်တော့် အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ။

အဲ့ဒီကတည်းက ကျွန်တော် ယူနိုက်တက်အတွက် မကစားပေးချင်တော့တာပါ၊ဒ ါပေမယ့် ကျွန်တော်က ပရော်ဖက်ရှင်နယ်တစ်ယောက်ဆိုတော့ ဆန္ဒကို ချိုးနှိမ်ပြီး အသင်းအတွက် ကစားပေးခဲ့ပါတယ်၊ ဖြစ်ချင်တော့ ကျွန်တော်က ဒဏ်ရာတွေ ရပြီး အသင်းအတွက် ကောင်းကောင်း မကစားပေးနိုင်ခဲ့ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာဟာ မော်ရင်ဟို လက်ထက်ကတည်းက အသင်းပရိသတ်တွေရဲ့ ပြင်းထန်တဲ့ လှောင်ပြောင်မှုတွေ မကြာခဏ ကြုံတွေ့ခဲ့ရသူ တစ်ယောက် ဖြစ်ပြီးနောက်ဆုံးမှာတော့ဂျူဗင်တပ်အသင်းထံ ၂၀၂၂ ခုနှစ်ရောက်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။