စနေည အိုးထရက်ဖို့ဒ်မှာ မန်ယူ အမှတ်ပြည့် ရမှာ မဟုတ်ဘူး ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင် ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့နေပါတယ်။

ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၈ နာရီခွဲ၊ မနယ်ူရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီအပတ် ပထမဆုံး မိနစ်မှာတင် ဘရန့်ဖိုဒ့်တို့ ဂိုးရသွားနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာခဲ့ရင် တန်ဟက်နဲ့ ယူနိုက်တက်တို့ ဘာဖြစ်သွားမယ် မှန်းဆလို့ မရနိုင်တော့ပါဘူး။

ဘရန့်ဖိုဒ့်က အိုးထရတ်ဖိုဒ့်မှာ လွတ်လွတ်လပ်လပ် ဂိုးသွင်းမှာတော့ သေချာပါတယ်။ ပြဿနာက သူတို့ ဦးဆောင်မှုကို ထိန်းနိုင်မလားပါပဲ။ ကျနော်ကတော့ ဒီပွဲမှာ ယူနိုက်တက်တို့ သရေကျသွားမယ် ထင်ပါတယ်။ ဘရန့်ဖိုဒ့်က ဒီပွဲမှာ ယူနိုက်တက်ကို ပြဿနာတွေပေးမှာပါ။

ဘရန့်ဖိုဒ့်က ယူနိုက်တက်ကို နိုင်သွားခဲ့လို့ တန်ဟက်ကို ထုတ်ပယ်မယ်ဆိုတာကလည်း မမှန်ပါဘူး။ ကလပ်အသင်းကြီး တစ်သင်းဟာ အဲ့လိုပုံစံ ကိုင်တွယ်နေရမှာ မဟုတ်ပါဘူး။ အခု သူတို့က တန်ဟက်ကို ဆက်လက် ထောက်ခံပေးဖို့ ဆုံးဖြတ်ထားခဲ့တာမို့ ဘရန့်ဖိုဒ့်အပြီး ထုတ်ပယ်ခဲ့ရင် အံ့ဩမိမှာပါ။

ဒီပွဲကို အနိုင်ရဖို့ ယူနိုက်တက်က သွင်းဂိုးတွေ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘရန့်ဖိုဒ့်က သေချာပေါက် ဂိုးတွေ သွင်းမှာမို့ပါပဲ။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-၂ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။