ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ ဆိုတာ သဘောချင်း ညီနေကြတဲ့ လူစွာကြီး ၂ဦး

ခါတိုင်း ငြင်းခုန်နေကျ မန်ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း နဲ့ လီဗာပူး ဂန္တဝင် ကာရေဂါ တို့က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့်အသင်း ခန့်မှန်းရာမှာတော့ သဘောချင်း ညီနေကြပါတယ်။ ၎င်းတို့က မန်စီးတီး အသင်းဟာ ဒီရာသီမှာ ချဲလ်ဆီး၊ လီဗာပူး တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားမယ်လို့ ဆိုခဲ့ကြပါတယ်။

ဒီတစ်ပတ် ပွဲတွေမှာ ချဲလ်ဆီး အသင်းဟာ မန်ယူနိုက်တက် အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ် သွားခဲ့ပြီး မန်စီးတီး အသင်းက အနိုင်ရခဲ့တာကြောင့် အမှတ်ကွာဟချက် ပြန်လည် ကျဉ်းမြောင်း သွားခဲ့ပါတယ်။

ကာရေဂါ နဲ့ ရွိုင်ကိန်း က ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး နဲ့ လီဗာပူး အသင်း တို့ရဲ့ ခြေစွမ်းကို သဘောကျပေမယ့် ဂွာဒီယိုယာ ရဲ့ မန်စီးတီး အသင်းကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ် သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ကာရေဂါ က ” မနှစ်က မန်စီးတီး အသင်းကို ချန်ပီယံစာရင်း ကနေ ဖယ်ထုတ်ခဲ့မိတဲ့ အတွက် နောင်တ ရခဲ့ရပါတယ်။ သူတို့က နိုဝင်ဘာမှာ ပုံစံကောင်း ပြန်ရပြီး နိုင်ပွဲတွေ အလွယ်တကူ ရယူသွားခဲ့ပါတယ်။ အခုအချိန်မှာ ချဲလ်ဆီး နဲ့ လီဗာပူး တို့က သိပ်ကောင်းနေပေမယ့် ကျွန်တော်ကတော့ မန်စီးတီးဘက်ကပဲ ရှိနေမှာပါ။ ” လို့ ပြောကြား ခဲ့ပါတယ်။

ကာရေဂါ ကလည်း ရွိုင်ကိန်း နဲ့ ပြောကြားချက်ကို သဘောတူ လက်ခံကြောင်း ထောက်ခံ သွားခဲ့ပါတယ်။

” ဒီတစ်ပတ် က လီဗာပူး အတွက်တော့ သိပ်ကို ကောင်းမွန် သွားခဲ့တဲ့ ရက်သတ္တပတ် တစ်ခုပါပဲ၊ ဒါပေမယ့် လီဗာပူး က ဒီရာသီ မထင်မှတ်တဲ့ ပွဲတွေမှာ ရမှတ်တွေ ဆုံးရှုံး ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ရွိုင် ပြောတာကို လက်ခံပါတယ်၊ မန်စီးတီး ပဲ ချန်ပီယံ ဖြစ်သွားပါလိမ့်မယ်။ ”

” လီဗာပူး က Clean-sheet အချို့ ရယူ ထားနိုင်ပေမယ့် နောက်တန်းက အနည်းငယ် ပွင့်ထွက်နေသလို ခံစားရပါတယ်။ မန်စီးတီး အသင်းကတော့ ခံစစ်ပိုင်းမှာ တကယ့်ကို ကျစ်လစ် ကောင်းမွန်တယ်လို့ ခံစားမိပါတယ်၊ လီဗာပူး က ဂိုးတွေ အများကြီး သွင်းနိုင်ပေမယ့် မန်စီးတီး ဘက်ကပဲ ရှိနေပါမယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

ZG

ခါတိုင္း ျငင္းခုန္ေနက် မန္ယူႏိုက္တက္ ဂႏၲဝင္ ႐ြိဳင္ကိန္း နဲ႔ လီဗာပူး ဂႏၲဝင္ ကာေရဂါ တို႔က ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္မယ့္အသင္း ခန္႔မွန္းရာမွာေတာ့ သေဘာခ်င္း ညီေနၾကပါတယ္။ ၄င္းတို႔က မန္စီးတီး အသင္းဟာ ဒီရာသီမွာ ခ်ဲလ္ဆီး၊ လီဗာပူး တို႔ကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္သြားမယ္လို႔ ဆိုခဲ့ၾကပါတယ္။

ဒီတစ္ပတ္ ပြဲေတြမွာ ခ်ဲလ္ဆီး အသင္းဟာ မန္ယူႏိုက္တက္ အသင္း နဲ႔ တစ္ဖက္ တစ္ဂိုးစီ သေရရလဒ္ ထြက္ေပၚ သြားခဲ့ၿပီး မန္စီးတီး အသင္းက အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ကြာဟခ်က္ ျပန္လည္ က်ဥ္းေျမာင္း သြားခဲ့ပါတယ္။

ကာေရဂါ နဲ႔ ႐ြိဳင္ကိန္း က ခ်န္ပီယံလိဂ္ လက္ရွိ ခ်န္ပီယံ ခ်ဲလ္ဆီး နဲ႔ လီဗာပူး အသင္း တို႔ရဲ႕ ေျခစြမ္းကို သေဘာက်ေပမယ့္ ဂြာဒီယိုယာ ရဲ႕ မန္စီးတီး အသင္းကပဲ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ သြားႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

ကာေရဂါ က ” မႏွစ္က မန္စီးတီး အသင္းကို ခ်န္ပီယံစာရင္း ကေန ဖယ္ထုတ္ခဲ့မိတဲ့ အတြက္ ေနာင္တ ရခဲ့ရပါတယ္။ သူတို႔က ႏိုဝင္ဘာမွာ ပုံစံေကာင္း ျပန္ရၿပီး ႏိုင္ပြဲေတြ အလြယ္တကူ ရယူသြားခဲ့ပါတယ္။ အခုအခ်ိန္မွာ ခ်ဲလ္ဆီး နဲ႔ လီဗာပူး တို႔က သိပ္ေကာင္းေနေပမယ့္ ကြၽန္ေတာ္ကေတာ့ မန္စီးတီးဘက္ကပဲ ရွိေနမွာပါ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္။

ကာေရဂါ ကလည္း ႐ြိဳင္ကိန္း နဲ႔ ေျပာၾကားခ်က္ကို သေဘာတူ လက္ခံေၾကာင္း ေထာက္ခံ သြားခဲ့ပါတယ္။

” ဒီတစ္ပတ္ က လီဗာပူး အတြက္ေတာ့ သိပ္ကို ေကာင္းမြန္ သြားခဲ့တဲ့ ရက္သတၱပတ္ တစ္ခုပါပဲ၊ ဒါေပမယ့္ လီဗာပူး က ဒီရာသီ မထင္မွတ္တဲ့ ပြဲေတြမွာ ရမွတ္ေတြ ဆုံးရႈံး ခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ ႐ြိဳင္ ေျပာတာကို လက္ခံပါတယ္၊ မန္စီးတီး ပဲ ခ်န္ပီယံ ျဖစ္သြားပါလိမ့္မယ္။ ”

” လီဗာပူး က Clean-sheet အခ်ိဳ႕ ရယူ ထားႏိုင္ေပမယ့္ ေနာက္တန္းက အနည္းငယ္ ပြင့္ထြက္ေနသလို ခံစားရပါတယ္။ မန္စီးတီး အသင္းကေတာ့ ခံစစ္ပိုင္းမွာ တကယ့္ကို က်စ္လစ္ ေကာင္းမြန္တယ္လို႔ ခံစားမိပါတယ္၊ လီဗာပူး က ဂိုးေတြ အမ်ားႀကီး သြင္းႏိုင္ေပမယ့္ မန္စီးတီး ဘက္ကပဲ ရွိေနပါမယ္။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။