မန်ယူနဲ့ ပြိုင်ဘက် အဖြစ် တွေ့တိုင်း ရလဒ်ကောင်းတက်တဲ့ နည်းပြကြီး မော်ရင်ဟို
ဒီတပတ်မှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ ယခုတစ်ခေါက် ပြန်လည် ရင်ဆိုင်ရမယ့် မော်ရင်ဟိုကတော့ မန်ယူအသင်းကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်တိုင်း အနိုင်ရလဒ် ၅၀ ရာခိုင်နှုန်း ပိုမို များပြားစွာ ရယူထားပါတယ်။
မန်ယူအသင်းကို လာရောက်ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ လက်ရှိ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့အတူ မန်ယူအသင်းကို ၂၅ ကြိမ်မြောက် ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရဖို့တော့ ရာခိုင်နှုန်းနည်းပါးစွာ သက်မှတ်ခံထားရပါတယ်။
ဆာဘော့ဘီ ရော့ဘ်ဆင်ရဲ့ စကားပြန်ဘဝကနေ နည်းပြလောကထဲ ဝင်ရောက်လာခဲ့တဲ့ မော်ရင်ဟိုဟာ မန်ယူအသင်းကို မတူညီတဲ့ ၅ သင်းနဲ့ လာရောက်ရင်ဆိုင်ခဲ့ဖူးပြီး ရိုးမားကို တာဝန်ယူခဲ့စဉ်တုန်းကတော့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာမျိုး မရှိခဲ့ပါဘူး။

နည်းပြဘဝ စတင်ထွန်းတောက်ခဲ့တဲ့ ပေါ်တို အသင်းနဲ့အတူ ဖာဂူဆန် ကိုင်တွယ်နေတဲ့ အသင်းကို လာရောက် ရင်ဆိုင်စဉ်မှာတော့ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲ သရေရလဒ်နဲ့ အသာစီးရယူခဲ့ဖူးပြီး ချဲလ်ဆီးကို ထပ်မံလာရောက် ကိုင်တွယ်စဉ်မှာလည်း မန်ယူအသင်းနဲ့ ၁၄ ပွဲကစားခဲ့ရာမှာ ၇ ပွဲအနိုင်ရကာ ရှုံးပွဲ တစ်ပွဲသာ ကြုံတွေ့ခဲ့ရဖူးပါတယ်။
အင်တာကို ထပ်မံသွားရောက် ကိုင်တွယ်စဉ်မှာတော့ မန်ယူအသင်းကို ၂ ပွဲကစား ၁ ပွဲသရေ တစ်ပွဲရှုံး ရလဒ်သာ ရယူနိုင်ခဲ့ပေမယ့် ရီးရဲလ်အသင်းကို ရောက်သွားချိန်မှာတော့ ၂ ပွဲ လာရောက်ရင်ဆိုင်ခဲ့ရာမှာ တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
စပါးအသင်းနဲ့လည်း မန်ယူအသင်းကို ၄ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး အဆိုပါ ပွဲစဉ်တွေမှာတော့ မော်ရင်ဟို ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် နည်းပြဘဝ တစ်လျှောက် မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ် ၂၄ ပွဲမှာ နိုင်ပွဲ ၁၀ ပွဲ၊ သရေ ၉ ပွဲနဲ့အတူ ရှုံးပွဲသာ ကြုံတွေ့ထားတာကြောင့် အနိုင်ရလဒ်က ပိုမို မြင့်မားနေတာပါ။
မော်ရင်ဟို က နည်းပြ ဘဝတစ်လျှောက် ဘာစီလိုနာနဲ့ လီဗာပူးလ် ၂ သင်းကိုသာ မန်ယူအသင်းထက် ပွဲစဉ်ပိုမို ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။