အသုံးစရိတ် အချွေတာလွန်ပြီး အရှက်တကွဲတွေ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဘလွန်းဒီအော ဆုပေးပွဲသွားမယ့် မန်စီးတီး ကစားသမားတွေနဲ့အတူ မိမိအသင်းက ကစားသမားနှစ်ယောက်ကို အတူ ခေါ်ဆောင်သွားဖို့ မန်စီးတီးအသင်းထံ တောင်းဆိုခဲ့ပါတယ်။

ဘလွန်းဒီအော ဆု အတွက် ပဏာမစာရင်းထဲ ပါဝင်နေတဲ့ မန်စီးတီး ကစားသမား ၈ ဦး ဟာ ဆုပေးပွဲကို ကိုယ်ပိုင် ဂျက် လေယာဉ်နဲ့ ပို့ဆောင်ပေးဖို့ မန်စီးတီးအသင်းက စီစဉ်ထားခဲ့တာပါ။

ဒါကြောင့် မန်ယူအသင်းကလည်း အဆိုပါစာရင်းထဲ ပါဝင်နေတဲ့ ဂနာချိုနဲ့ မိန်နိုးတို့ကို တစ်ပါထဲ ခေါ်ယူပေးသွားနိုင်မလားဆိုပြီး အကြောင်းကြား မေးမြန်းခဲ့ပါတယ်။

အသုံးစရိတ် ဘတ်ဂျက်ချွေတာနေတဲ့ မန်ယူအသင်းဟာ ဖာဂူဆန်နဲ့ ချုပ်ဆိုထားတဲ့ တစ်နှစ် ပေါင် ၂ သန်းတန် စာချုပ်ကို ဖျတ်သိမ်းလိုက်သလို ယခုတစ်ခေါက်မှာလည်း ဘလွန်းဒီအော ဆုပေးပွဲသွားမယ့် ကစားသမား ၂ ယောက်ကို သီးသန့် ပို့ဆောင်ပေးဖို့ အသုံးစားရိတ် ထပ်မံချွေတာလိုနေပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းကတော့ မန်ယူအသင်း ကစားသမားတွေအတွက် နေရာမရှိတော့ဘူးဆိုပြီး ပြန်လည် အကြောင်းပြန်ခဲ့တာကြောင့် ယူနိုက်တက်တို့ မျက်နှာပူစရာ ဖြစ်လာပါတယ်။

ဒါကြောင့် မန်ယူအသင်းက အဆိုပါ ကစားသမား ၂ ယောက်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ပေးထားပြီး ဂျက်လေယာဉ်နဲ့ လက်ရှိ ရာသီဉတုက ကိုက်ညီမှု မရှိတာကြောင့် မိန်နိုးနဲ့ ဂနာချိုတို့ရဲ့ အသက်အန္တရယ် လုံခြုံရေးက စိုးရိမ်ဖို့ ကောင်းနေဦးမှာ ဖြစ်ပါတယ်။