ဒဏ်ရာသစ်ကြောင့် ဒီည မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲကို လွဲချော်တော့မယ့် အသင်းသား

မန်ျခက်စတာ ယူနိုက်တက်က ကြာသပတေးနေ့ ဖီနာဘာချီနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီ မှာ ယနေ့ည ဝက်စ်ဟမ်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို လွဲချော်လာမှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

အန်တိုနီ ဟာ ဖီနာဘာချီနှင့်ပွဲတွင် ပွဲပြီးရန် မိနစ် ၂၀ အလိုမှာ လူစားဝင်ရောက်လာပြီးနောက် ၁၇ မိနစ်သာ ကစားခ့ရပြီး ဒဏ်ရာရရှိကာ လူစားလဲခဲ့ရတာပါ။

ဘရာဇီး တိုက်စစ် ကစားသမားဟာ ဖီနာဘာချီနှင့် သရေကျတဲ့ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးတွင် သူဟာ Protective Boot စီးပြီး ချိုးထောက်ဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း သူဟာ ဝက်စ်ဟမ်းနှင့်ပွဲစဉ်မတိုင်မီ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် မပါဝင်လာနိုင်တာ အံ့ဩစရာတော့ မရှိပါဘူး။

လက်ရှိအချိန်မှာ ယူနိုက်တက်က အန်တိုနီ မှာ ဝက်စ်ဟမ်းနှင့်ပွဲကို လွဲချော်မယ်လို့သာ ကြေညာထားပြီး ဘယ်လောက် အနားယူရမယ်ဆိုတာ မကြေညာသေးပါဘူး။

ယူနိုက်တက်အနေဖြင့် အန်တိုနီ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဘယ်လောက် အနားယူရမယ်ဆိုတာ ကြေညာလာဖို့ ရှိပါတယ်။