ဝက်စ်ဟမ်းကို ရှုံးပြီး အမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာအထိဆင်းသွားတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေည ပရီးမီးယားလိဂ် ပွဲ အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၁ နဲ့ အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရောက်သွားခဲ့ပါတယ်။
သွင်းဂိုးတွေကိုတော့ ဝက်စ်ဟမ်း အတွက် ဆမ်မာဗီလီ(၇၄’)နဲ့ ဘိုဝမ်(၉၀+၂’) ပင်နယ်တီနဲ့ ယူနိုက်တက် အတွက် ကတ်စ်မဲရိုး(၈၁’) တို့ အသီးသီး သွင်းခဲ့တာပါ။
ပထမပိုင်းမှာ အခွင့်အရေးတွေအကြိမ်ကြိမ်ဖန်တီးပြီး ဖြုန်းတီးခဲ့တဲ့ယူနိုက်တက်တို့ ဒုတိယပိုင်းမှာတော့ အတော်လေးခြေကျသွားခဲ့ပါတယ်။
လူစားပြောင်းလဲမှုတွေပြုလုပ်ပြီး ခြေစွမ်းကောင်းလာတဲ့ ဝက်စ်ဟမ်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ကတ်စ်မဲရိုးကယူနိုက်တက်အတွက် ပြန်လည်ချေပခဲ့ပါတယ်။
ပွဲပြီးကာနီးမှာတော့ အငြင်းပွားဖွယ်အနေအထားကနေ ဝက်စ်ဟမ်းတို့ပင်နယ်တီရခဲ့ပြီး ဘိုဝမ်က အမှားအယွင်းမရှိကန်သွားနိုင်ခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ
ဒီရာသီမှာ ပရီးမီးယားလိဂ် ၂ ပွဲဆက်နိုင်ပွဲမရသေးတဲ့အပြင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာသို့ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။