အင်္ဂလန်အသင်းတွေ နိုင်ပွဲ ကိုယ်စီရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယနေ့ ပွဲစဉ်များ

ညက ကစားသွားတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်၊ ဒုတိယနေ့ပွဲတွေမှာတော့ အင်္ဂလန်ကလပ်တွေက နိုင်ပွဲ ကိုယ်စီ ရခဲ့ပါတယ်။ မန်စီးတီးက ခြေစွမ်းမာကျောတဲ့ လိုက်ဇစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ပွဲကတော်တော်လေး အကြိတ်အနယ်ရှိခဲ့ကာ လိုက်ဇစ်ရဲ့ နောက်ကချေပဂိုးတွေလိုက်သွင်းမှုကြောင့် စိတ်လှုပ်ရှားဖို့ကောင်းမွန်ခဲ့ပြီး ကြည့်ရကျိုးနပ်ခဲ့ပါတယ်။

မန်စီးတီးအတွက် အကီက အဖွင့်ဂိုးသွင်းပြီး လိုက်ဇစ်က မူကီလီ ကိုယ့်ဂိုးကိုယ်သွင်းလို့ ၂-၀ နဲ့ ဦးဆောင်ခဲ့ပြီး အန်ကူကူက တစ်ဂိုးပြန်ချေပခဲ့ပါတယ်။ ဒီနောက် မာရက်ဇ်က ပင်နယ်တီကနေ ထပ်မံဦးဆောင်ဂိုးသွင်းခဲ့သလို လိုက်ဇစ်အတွက် အန်ကူကူကပဲ ထပ်ချေပခဲ့လို့ ၃-၂ ဖြစ်နေခဲ့ပြီး ဂရီလစ်ရှ်က ထပ်သွင်း၊ အန်ကူကူကပဲ ဟက်ထရစ်ချေပဂိုးကို ပြန်သွင်းနဲ့ ၄-၃ အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကန်ဆယ်လိုက ဂိုးထပ်သွင်းပြီး လိုက်ဇစ်ဘက်က တစ်ယောက်ထုတ်ပယ်ခံခဲ့ရကာ ဂျီးဆပ်က ပွဲသိမ်းဂိုးသွင်းပေးကာ ၆-၃ နဲ့ ပြီးဆုံးခဲ့ပါတယ်။

လီဗာပူးလ်နဲ့ အေစီမီလန်ပွဲကလည်း အပြန်အလှန်ဂိုးတွေသွင်းပြီး ၃-၂ နဲ့ အိမ်ရှင်တို့ အနိုင်ရသွားခဲ့ပါတယ်။ တိုမိုရီက ကိုယ့်ဂိုးကိုယ်သွင်းလို့ လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပေမယ့် ရီဘစ် နဲ့ ဒီယက်ဇ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အေစီအတွက် ဆက်တိုက်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ပွဲရဖို့ လီဗာပူးလ်တို့ ပို အာရုံစိုက်ခဲ့ရပြီး ဆာလာက ချေပဂိုးသွင်းကာ ၆၉ မိနစ်မှာ ဟန်ဒါဆန်က အနိုင်ဂိုးသွင်းပေးနိုင်ခဲ့လို့ မရဏအုပ်စုထဲ လီဗာပူးလ် အသက်ရှူချောင်သွားခဲ့ပါတယ်။

အခြားပွဲတွေမှာတော့ ဒေါ့မွန်က အဝေးကွင်းမှာ ဘက်ဆီးတပ်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး မော်လ်ဒိုဗာကလပ် ရှာရစ်ဖ်က ရှက်တာဒိုးနတ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အေဂျက်ဇ်က စပို့တင်းကို အဝေးကွင်းမှာ ၁-၅ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့သလို ရီးရဲလ်ကလည်း အင်တာကို အဝေးကွင်းမှာ ရိုဒရိုင်ဂိုရဲ့ နောက်ကျသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိသွားပြီး အဖွင့်လှသွားခဲ့ပါတယ်။

ZG

ညက ကစားသြားတဲ့ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္၊ ဒုတိယေန႔ပြဲေတြမွာေတာ့ အဂၤလန္ကလပ္ေတြက ႏိုင္ပြဲ ကုိယ္စီ ရခဲ့ပါတယ္။ မန္စီးတီးက ေျခစြမ္းမာေက်ာတဲ့ လိုက္ဇစ္ကို အိမ္ကြင္းမွာ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈေပးႏို္င္ခဲ့ပါတယ္။ ပြဲကေတာ္ေတာ္ေလး အႀကိတ္အနယ္ရွိခဲ့ကာ လိုက္ဇစ္ရဲ႕ ေနာက္ကေခ်ပဂိုးေတြလိုက္သြင္းမႈေၾကာင့္ စိတ္လႈပ္ရွားဖို႔ေကာင္းမြန္ခဲ့ၿပီး ၾကည့္ရက်ိဳးနပ္ခဲ့ပါတယ္။

မန္စီးတီးအတြက္ အကီက အဖြင့္ဂိုးသြင္းၿပီး လိုက္ဇစ္က မူကီလီ ကိုယ့္ဂိုးကိုယ္သြင္းလို႔ ၂-၀ နဲ႔ ဦးေဆာင္ခဲ့ၿပီး အန္ကူကူက တစ္ဂိုးျပန္ေခ်ပခဲ့ပါတယ္။ ဒီေနာက္ မာရက္ဇ္က ပင္နယ္တီကေန ထပ္မံဦးေဆာင္ဂိုးသြင္းခဲ့သလို လိုက္ဇစ္အတြက္ အန္ကူကူကပဲ ထပ္ေခ်ပခဲ့လို႔ ၃-၂ ျဖစ္ေနခဲ့ၿပီး ဂရီလစ္ရွ္က ထပ္သြင္း၊ အန္ကူကူကပဲ ဟက္ထရစ္ေခ်ပဂိုးကို ျပန္သြင္းနဲ႔ ၄-၃ အထိ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ကန္ဆယ္လိုက ဂိုးထပ္သြင္းၿပီး လိုက္ဇစ္ဘက္က တစ္ေယာက္ထုတ္ပယ္ခံခဲ့ရကာ ဂ်ီးဆပ္က ပြဲသိမ္းဂိုးသြင္းေပးကာ ၆-၃ နဲ႔ ၿပီးဆုံးခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ ေအစီမီလန္ပြဲကလည္း အျပန္အလွန္ဂိုးေတြသြင္းၿပီး ၃-၂ နဲ႔ အိမ္ရွင္တို႔ အႏိုင္ရသြားခဲ့ပါတယ္။ တိုမိုရီက ကိုယ့္ဂိုးကိုယ္သြင္းလို႔ လီဗာပူးလ္တို႔ ဦးေဆာင္ေနခဲ့ေပမယ့္ ရီဘစ္ နဲ႔ ဒီယက္ဇ္တို႔က ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကို ေအစီအတြက္ ဆက္တိုက္သြင္းေပးခဲ့ပါတယ္။ အဲဒီေနာက္ ႏိုင္ပြဲရဖို႔ လီဗာပူးလ္တို႔ ပို အာ႐ုံစိုက္ခဲ့ရၿပီး ဆာလာက ေခ်ပဂိုးသြင္းကာ ၆၉ မိနစ္မွာ ဟန္ဒါဆန္က အႏိုင္ဂိုးသြင္းေပးႏိုင္ခဲ့လို႔ မရဏအုပ္စုထဲ လီဗာပူးလ္ အသက္ရႉေခ်ာင္သြားခဲ့ပါတယ္။

အျခားပြဲေတြမွာေတာ့ ေဒါ့မြန္က အေဝးကြင္းမွာ ဘက္ဆီးတပ္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ေမာ္လ္ဒိုဗာကလပ္ ရွာရစ္ဖ္က ရွက္တာဒိုးနတ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။ ေအဂ်က္ဇ္က စပို႔တင္းကို အေဝးကြင္းမွာ ၁-၅ နဲ႔ ဂိုးျပတ္ေခ်မႈန္းခဲ့သလို ရီးရဲလ္ကလည္း အင္တာကို အေဝးကြင္းမွာ ႐ိုဒ႐ိုင္ဂိုရဲ႕ ေနာက္က်သြင္းဂိုးတစ္ဂိုးတည္းနဲ႔ အႏိုင္ရရွိသြားၿပီး အဖြင့္လွသြားခဲ့ပါတယ္။