မန်ယူ ပေးခဲ့ရတဲ့ အငြင်းပွားဖွယ် ပင်နယ်တီနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ် ရှင်းလင်းချက် ထုတ်

ပရီးမီးယားလိဂ်ဟာ မနေ့ညက ဝက်စ်ဟမ်းနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှ ဝက်စ်ဟမ်းအား ပေးခဲ့တဲ့ နောက်ကျပင်နယ်တီနှင့်ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်လာပါတယ်။

ဒိုင်လူကြီးဒေးဗစ်ကိုတီဟာ အစောပိုင်းတုန်းက ပင်နယ်တီဧရိယာအတွင်းတွင် မားသီးယပ်စ်ဒီလက်က ဒန်နီအင်းစ်အား ပြစ်ဒဏ်ကျူးလွန်မှုအပေါ် ပင်နယ်တီမပေးခဲ့ပါဘူး။

ဒါပေမဲ့ VAR က ယင်းအဖြစ်အပျက်ကို ကြည့်ရှုစစ်ဆေးပြီးနောက် ကိုတီဟာ ကွင်းဘေးမော်နီတာမှာ ယင်းမတော်တဆဖြစ်ရပ်ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ယင်းနောက်မှာတော့ ကိုတီဟာ ဝက်စ်ဟမ်းဘက်သို့ ပင်နယ်တီပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ ယင်းပင်နယ်တီဂိုးကြောင့် ယူနိုက်တက်အား ၂-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

ယခုအခါ ပရီးမီးယားလိဂ်ရဲ့ Match Centre က “ဒီလက်က အင်းစ်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် ဒိုင်က ပင်နယ်တီမပေးခဲ့ပါဘူး။ VAR က အင်းစ်ရဲ့အောက်ပိုင်းကို လုံလောက်တဲ့ ထိတွေ့မှုရှိကြောင်း တွေ့ခဲ့ရတယ်။ ဒါကြောင့် ပြန်စစ်ဆေးဖို့ ပြောခဲ့တယ်။ ဒိုင်လူကြီးဟာ နဂိုဆုံးဖြတ်ချက်ကို ပြောင်းခဲ့တယ်။ ပြီးတော့ ပင်နယ်တီပေးခဲ့တယ်”လို့ ကြေညာသွားပါတယ်။

ပွဲအပြီးတွင် ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒိုင်လူကြီးများအား စောဒကတက်ခဲ့တာ တွေ့ခဲ့ရပါတယ်။

ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် အဲရစ်တန်ဟက်က “ဒီရာသီမှာ သုံးကြိမ်ရှိပြီ။ တရားမမျှတသလို ခံစားရတယ်။ မမျှတဘူး။ ပင်နယ်တီပေးခဲ့ရပုံ က တရားမျှတမှု မရှိဘူး။ ရာသီမစတင်မီတုန်းက VAR က ရှင်းလင်းတာတွေ၊ အမှားလုပ်တာကိုပဲ ထောက်ပြမယ်လို့ ဆိုပြီး ပြောတယ်။ ဒါက မရှင်းလင်းတာ အမှားလုပ်တာ မဟုတ်ပါဘူး။ စိတ်ပျက်ရတယ်။ ဘာမှ မတတ်နိုင်ပါဘူး”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်းရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာသို့ ရောက်လာကာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ရမှတ် ၇ မှတ်ကွာဟနေပါတယ်။