အမ်မိုရင်းနဲ့ အတူ ရောက်လာနိုင်တဲ့ တိုက်စစ်မှုး၊ လုခ်ရှော ပြန်လာခြင်း၊ ပေါစခိုးလ် အကြိုက်နည်းပြများနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပို့တင်းလစ္စဘွန်းနည်းပြဖြစသူ ရူဘင် အမ်မိုရင်း ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
မန်ယူ အသင်းတာဝန်ရှိသူတွေဟာ စပို့တင်းကို ရောက်ရှိနေပြီ ဖြစ်သလို အမ်မိုရင်း ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ သိပ်မကြာခင် သတင်းထုတ်ပြန်ဖွယ် ရှိနေကြောင်း သိရပါတယ်။
အမ်မိုရင်းကို ခန့်အပ်ဖို့အတွက် စာချုပ်လျော်ကြေး ယူရို (၁၀) သန်းကို ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။

သရဲနီဟောင်းကြီး ပေါလ် စခိုးကတော့ အမ်မိုရင်း ကို သဘောမကျလှဘဲ လာလီဂါမှာ အောင်မြင်ထားတဲ့ ဇာဘီ၊ ဇီဒန်း တို့လို နည်းပြတွေကိုပဲ ယူနိုက်တက်က နည်းပြသစ် ခန့်အပ်စေချင်နေပါတယ်။
မန်ယူအသင်းနောက်ခံလူ လုခ်ရှော တစ်ယောက် ဒဏ်ရာမှ သက်သာပျောက်ကင်းလာခဲ့ပြီ ဖြစ်တာကြောင့် အသင်းနဲ့ သိပ်မကြာခင် ပြန်လည် ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။
မန်စီးတီး နည်းပြ ဂွာဒီယိုလာနဲ့ လီဗာပူး နည်းပြ အာနယ် ဆလော့တို့က ယူနိုက်တက်မှ တန်ဟတ်ဂ် ထုတ်ပယ်ခံရမှု အပေါ် ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နည်းပြသစ်ဖြစ်လာရင် အမ်မိုရင်း က သူ အားထားရတဲ့ တိုက်စစ်မှူး ယိုကီရက်စ်ကို ခေါ်လာဦးမလားဆိုတာ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ယိုကီရက်စ်က အင်္ဂလန်ချန်ပီယံရှစ်က ကိုဗင်ထရီမှာ ကစားနေတုန်း စပို့တင်းက ခေါ်ယူခဲ့တာပါ။