မန်ချက်စတာ ယူနိုက်တက် က သူတို့ခေတ်ကလို ရပ်တန့်မရတဲ့အသင်း ဖြစ်လာနိုင်တယ် လို့ နစ္စတယ်ရွိုင်း ကြွေးကြော်

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ လက်စတာ အသင်းကို ၅-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲဟာ ယူနိုက်တက် ယာယီ နည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်းက စတင် တာဝန်ယူခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းက ယူနိုက်တက် ဟာ သူတို့ ခေတ်ကလို ရပ်တန့်မရတဲ့အသင်း ဖြစ်လာနိုင်ကြောင်း၊ သို့ရာတွင် အချိန်ယူရမှာ ဖြစ်သလို အလုပ်လည်း ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

နစ္စတယ်ရွိုင်းက “နွေရာသီတုန်းက အဲရစ်ရဲ့လက်ထောက်နည်းပြအဖြစ် ရောက်လာတုန်းက ကျွန်တော် သိထားတဲ့ ကစားသမား ဘဝတုန်းက ယူနိုက်တက်လို အဆင့်မျိုး ရောက်လာမယ်လို့ ယုံကြည်လို့ ရောက်လာတာပါ။ အခုလည်း ယုံကြည်တုန်းပါ။

ဒါပေမဲ့ အချိန်ယူရမယ်။ အလုပ်ကြိုးစားရမယ်။ ဒီရာသီမှာ အသင်းရဲ့အလားအလာကို မြင်နေရတယ်။ ဒါပေမဲ့ လုံလောက်တဲ့ တိုးတက်မှုတော့ မဟုတ်ဘူး”လို့ ပြောကြားသွားပါတယ်။

နယ်သာလန်လက်ထောက်နည်းပြအဖြစ် ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ၂၀၂၂ ခုနှစ်တုန်းက ပီအက်စ်ဗွီကို တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

နစ္စတယ်ရွိုင်းဟာ ကစားသမားဘဝတုန်းက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ ငါးနှစ်ကြာ ကစားထားပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတို့ ဆွတ်ခူးခဲ့ပါတယ်။ သူဟာ နွေရာသီမှာတော့ တန်ဟက်ရဲ့လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်သို့ ပြန်ရောက်လာခဲ့ပါတယ်။

သူဟာ အေမိုရမ်သာ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လာပါက ယူနိုက်တက်တွင် ဆက်ရှိရန် မသေချာပါဘူး။