Breaking News: အမ်မိုရင်း ကို မန်ချက်စတာ ယူနိုက်တက် နည်းပြခန့်ဖို့ ကိစ္စ ထူးပါပြီ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့မှာပဲ စပို့တင်းအသင်းနဲ့ နည်းပြ အမ်မိုရင်းကို ခေါ်ယူရေး အပြီးသတ် သဘောတူညီမှုရတော့မယ် လို့ သိရပါတယ်။
ဒီ လာမယ့် ၂၄ နာရီအတွင်း ရူဘန် အမ်မိုရင်းကို နည်းပြသစ်အဖြစ် မန်ချက်စတာ ယူနိုက်တက်ဘက်က ကြေညာမှာဖြစ်ပေမယ့် ပေါ်တူဂီသားဟာ အင်္ဂလန်မြေကို ခပ်မြန်မြန် ရောက်လာဦးမှာ မဟုတ်ပါဘူး။
သဘောတူညီမှု အစိတ်အပိုင်းအဖြစ် အမ်မိုရင်းဟာ စပို့တင်းရဲ့ လာမယ့် ပွဲစဉ် ၃ ပွဲကို ဆက်လက် ကိုင်သွားပေးဖို့ရှိနေကာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် အပြီးမှ ယူနိုက်တက်နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
ဒါကြောင့် အမ်မိုရင်းရဲ့ ပထမဆုံး ယူနိုက်တက် မန်နေဂျာအဖြစ် ကိုင်တွယ်မယ့်ပွဲဟာ နိုဝင်ဘာလ ၂၄ ရက်နေ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမယ့် အစ်ဝစ်ချ်နဲ့ပွဲဖြစ်လာဖို့ ရှိပါတယ်။
တိုက်စစ်အားသန် အတွေးအခေါ်ရှိတဲ့ အမ်မိုရင်းဟာ စပို့တင်းနဲ့အတူ ဥရောပကို တုန်လှုပ်စေသူမျိုးတော့ မဟုတ်ပေမယ့် ၂၀၂၃ မှာ ဖလားအောင်မြင်ရေး ရေပန်းစားနေတဲ့ အာတီတာရဲ့ အာဆင်နယ်ကို ယူရိုပါလိဂ်ကနေ ဖယ်ထုတ်ပြခဲ့ဖူးပါတယ်။
ပေါ်တူဂီ ဘောလုံးကျွမ်းကျင်သူတွေကြားမှာတော့ အမ်မိုရင်းဟာ နည်းစနစ်ကောင်းတယ်၊ လှုံ့ဆော်နိုင်စွမ်းရှိတဲ့ နည်းပြမျိုးဖြစ်သလို အကျင့်စရိုက်လည်း ကောင်းမွန်သူဖြစ်တယ်လို့ နာမည်ကောင်းရထားသူဖြစ်ပါတယ်။