မန်ယူ နည်းပြ ရာထူးနေ အထုတ်မခံရခင် သွင်းဂိုးတွေ အတွက် အချီကြီး ကြံနေခဲ့သေးတဲ့ အဲရစ်တန်ဟက်
enf;jy အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းမခံရမီတုန်းက သရဲနီ တိုက်စစ်မှူးဟောင်း ဒန်နီ ဝဲလ်ဘက်ခ်ကို ဘရိုက်တန်ကနေ ပြန်ခေါ်ဖို့ ကြံစည်နေခဲ့တယ်လို့ သိရပါတယ်။
တန်ဟက်ရဲ့ အိုးထရက်ဖို့ဒ်က စိတ်ပျက်စရာအချိန်ကာလဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ မန်ချက်စတာယူနိုက်တက်က နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့တဲ့အချိန်မှာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ အိုင်းယက်စ်နဲ့ ဖလား ၃ လုံး ရယူနိုင်ခဲ့ပြီးနောက် ကြီးမားတဲ့ ဂုဏ်သတင်းနဲ့အတူ အင်္ဂလန်ကို ရောက်လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ တန်ဟက်ကို ပြီးခဲ့တဲ့နွေရာသီမှာ ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ ရာသီအတွက် လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ရာသီစတင်မှုကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ရပြီးနောက် အဲရစ် တန်ဟက်နဲ့ လမ်းခွဲဖို့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းမခံရမီမှာ သရဲနီတိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ခ် ကို အလွန်ကောင်းမွန်တဲ့ ဖြည့်စွက်မှုဖြစ်တယ်လို့ ယူဆခဲ့ပြီး မန်ယူနိုက်တက်ကလည်း ခေါ်ယူဖို့ အလေးအနက်စဉ်းစားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။