အလန်ရှီးယား ရဲ့ မန်ချက်စတာ ယူနိုက်တက် Vs ချယ်ဆီး ပွဲကြို သုံးသပ်ခန့်မှန်းချက် ထွက်လာပါပြီ
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းတို့ဟာ ဒီတနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အိုးထရက်ဖို့ဒ် ကွင်းမှာ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။ ပွဲက တနင်္ဂနွေနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယား က ယူနိုက်တက်နဲ့ ချယ်ဆီး တို့ ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
အလန်ရှီးယား က ” မန်နေဂျာ အပြောင်းအလဲဖြစ်ပြီး အသစ် တစ်ယောက် ဝင်လာခဲ့ရင် အပြောင်းအလဲဖြစ်တာပါပဲ။ ယုံကြည်မှု အသစ်တွေ ပြန် မွေးဖွားလာမှာဖြစ်သလို တနင်္ဂနွေနေ့ အိုးထရတ်ဖိုဒ့်မှာ အမ်မိုရင်း ရှိနေသည်ဖြစ်စေ မရှိသေးဘူးဖြစ်စေ ယုံကြည်ချက်တွေလည်း ရှိနေပါမယ်။
အထူးသဖြင့် ကာရာဘောင်းမှာ ၅ ဂိုးသွင်းအပြီးမှာပေါ့။ ဝက်စ်ဟမ်းပွဲတုန်းကထက်စာရင် ဒီပွဲမှာ ယူနိုက်တက်က ပိုမို ယုံကြည်မှု အားကောင်းနေမှာဖြစ်ပြီး ကွင်းထဲမှာလည်း ကစားသမားတွေက အားထုတ် ကစားကြပါလိမ့်မယ်။
ကြားရက်က စိန့်ဂျိမ်းပက်ခ်ပွဲက ချယ်ဆီးနဲ့ ရင်ဆိုင်တဲ့ပွဲကို ကျနော် သွားကြည့်ဖြစ်ပါတယ်။ လုံးဝ မတူညီတဲ့ လူစာရင်းကို ပြောင်းလဲသွားတာမျိုး မြင်ခဲ့ရတယ်။ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ မာရက်စ်ကာက လူစာရင်းကို ပြောင်းလဲပါလိမ့်မယ်။
ဒီပွဲက ပြောရခက်ပြီး သရေကျမယ် ထင်ပါတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်က တိုးတက်လာဖို့ လိုနေတာကြောင့် သွင်းဂိုးတွေတော့ ရသွားကြပါလိမ့်မယ်။ မန်နေဂျာက ဘယ်သူဖြစ်နေနေ ဒီပွဲကနေ ယူနိုက်တက်က ရလဒ်တစ်ခုတော့ ယူနိုင်မှာပါ။ ” လို့ သုံးသပ်ထားပါတယ်။
အလန်ရှီးယား ခန့်မှန်းရလဒ် ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး သရေ ဖြစ်ပါတယ်။