မန်ယူ နည်းပြသစ် ဖြစ်လာတာနဲ့ လိုက်ပ်ဇစ်က တပည့်ဟောင်းကို တန်းခေါ်ဖို့ ပြင်နေတဲ့ ရန်းနစ်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ မနေ့ကပဲ အတည်ပြု သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ယခုရာသီကုန်အထိ အိုးထရက်ဖို့ဒ်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မှာပါ။
ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြရာထူးကို လက်ခံဖို့အတွက် လိုကိုမိုးတစ် မော်စကို အသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေး ဒါရိုက်တာရာထူးကို စွန့်ခွာခဲ့တာပါ။ ၎င်းက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်း လူစာရင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ပြိုင်ဘက်အသင်းကို ဖိအားမြင့်မြင့်ပေးပြီး တိုက်စစ်ဆင်ကစားချင်တဲ့ဆန္ဒရှိသူလို့ လူသိများပြီး ရန်းနစ်ခ်ဟာ ယူနိုက်တက်အတွက် ပစ်မှတ်အဖြစ် ၎င်းရဲ့ ကစားသမားဟောင်း ဟိုင်းဒါရာကို သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရန်းနစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက ဟိုင်းဒါရာကို ခေါ်ယူခဲ့တာဖြစ်ပြီး မာလီ လက်ရွေးစင် ကစားသမားဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၃ သန်း ရှိတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုင်းဒါရာဟာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ ၁၀၀ နီးပါး ပါဝင် ကစားပေးထားပြီ ဖြစ်ပြီး မာလီလက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာပွဲစဉ် ၂၄ ပွဲ ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။
ရန်းနစ်ခ်ဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြအဖြစ် ၆ လ ကိုင်တွယ်ပြီးနောက် အိုးထရက်ဖို့ဒ်မှာ နောက်ထပ် ၂ နှစ် အကြံပေးရာထူးနဲ့ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္တယ္လို႔ မေန႔ကပဲ အတည္ျပဳ သတင္း ထုတ္ျပန္ခဲ့ပါတယ္။ အသက္ ၆၃ ႏွစ္အ႐ြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုရာသီကုန္အထိ အိုးထရက္ဖို႔ဒ္မွာ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားေတာ့မွာပါ။
ရန္းနစ္ခ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပရာထူးကို လက္ခံဖို႔အတြက္ လိုကိုမိုးတစ္ ေမာ္စကို အသင္းရဲ႕ အားကစားနဲ႔ ဖြံ႕ၿဖိဳးေရး ဒါ႐ိုက္တာရာထူးကို စြန္႔ခြာခဲ့တာပါ။ ၄င္းက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ ေစ်းကြက္မွာ အသင္း လူစာရင္းကို အင္အားျဖည့္တင္းဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၿပိဳင္ဘက္အသင္းကို ဖိအားျမင့္ျမင့္ေပးၿပီး တိုက္စစ္ဆင္ကစားခ်င္တဲ့ဆႏၵရွိသူလို႔ လူသိမ်ားၿပီး ရန္းနစ္ခ္ဟာ ယူႏိုက္တက္အတြက္ ပစ္မွတ္အျဖစ္ ၎ရဲ႕ ကစားသမားေဟာင္း ဟိုင္းဒါရာကို သတ္မွတ္ထားတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။
ရန္းနစ္ခ္ဟာ လိုက္ပ္ဇစ္အသင္းကို နည္းျပခဲ့စဥ္အခ်ိန္တုန္းက ဟိုင္းဒါရာကို ေခၚယူခဲ့တာျဖစ္ၿပီး မာလီ လက္ေ႐ြးစင္ ကစားသမားဟာ လိုက္ပ္ဇစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါအခ်က္အရ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၃၃ သန္း ရွိတယ္လို႔ သိရပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟိုင္းဒါရာဟာ လိုက္ပ္ဇစ္အသင္းအတြက္ ပြဲ ၁၀၀ နီးပါး ပါဝင္ ကစားေပးထားၿပီ ျဖစ္ၿပီး မာလီလက္ေ႐ြးစင္အသင္းအတြက္လည္း ႏိုင္ငံတကာပြဲစဥ္ ၂၄ ပြဲ ကစားေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။
ရန္းနစ္ခ္ဟာ မန္ခ်က္စတာယူႏိုက္တက္ ယာယီနည္းျပအျဖစ္ ၆ လ ကိုင္တြယ္ၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ ေနာက္ထပ္ ၂ ႏွစ္ အႀကံေပးရာထူးနဲ႔ ဆက္လက္ တာဝန္ထမ္းေဆာင္သြားမွာျဖစ္ပါတယ္။