ချယ်ဆီးနဲ့ပွဲမှာ ရုပ်ပျက်အောင် ပြာနေတဲ့ မန်ယူ ကစားသမားကို ရွိုင်ကိန်း ဖော်ထုတ်
မနေ့ ည က အိုးထရက်ဖို့ဒ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်ဟာ ချယ်ဆီး စတား ကိုးလ် ပါလ်မာရဲ့ အရူးလုပ်ခြင်းကို ရုပ်ပျက်ဆင်းပျက် ခံလိုက်ရကြောင်း ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီးတို့ ၁-၁ နဲ့ သရေကျသွားခဲ့ပေမယ့် သရဲနီတို့ ရင်ထိတ်ရတဲ့ ကိစ္စ တော်တော်များများ ကြုံခဲ့ရပါတယ်။
အထူးသဖြင့် အနီကတ်ရနိုင်တဲ့ ဖြတ်ထုတ်မှုမျိုး ကျူးလွန်ခဲ့တဲ့ မာတီနက်ဇ် ကို ရွိုင်ကိန်းက အတော် အမျက်ထွက်နေပြီး ဒါလော့ရဲ့ ခြေစွမ်း ညံ့ဖျင်းမှုကိုလည်း ထောက်ပြခဲ့ပါတယ်။

” မာတီနက်ဇ် အနီကတ် မရတာ ကံကောင်းသွားတာဗျ။ တကယ် ပြောတာ။ သူ့ကို ကိုးလ် ပါလ်မားက အရူးလုပ်နေတာ သူ အတော် တင်းနေပြီလေ။ ဒီကောင်လေးက စကေးလ် အတော် ကောင်းတာ။ သူ့ကို သွားပြီး ရူးမိုက်တဲ့ ဖြတ်ထုတ်မှုမျိုး သွားလုပ်တယ်တဲ့ဗျာ။
သူ ကံကောင်းသွားတာ တကယ်ကို။ ပါလ်မာကိုသာ ထိသွားရင် သူ အထုတ်ခံရမှာပဲ။ ကျွန်တော်တို့လည်း ဘာမှ စောဒက တက်စရာကို ရှိမှာ မဟုတ်ဘူး။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရွိုင်ကိန်းဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ စွမ်းဆောင်ရည်ကိုလည်း လုံးဝ မကျေနပ်နိုင်ဘဲ စိတ်ပျက်စရာ ကောင်းကြောင်း ပြောဆိုခဲ့ပါသေးတယ်။