လီဝန်ဒေါစကီး က ဘလွန်းဒီအော ဆုနဲ့ ထိုက်တန်တယ် ဆိုပေမယ့် ဒီဆု ရလို့ ဂုဏ်ယူတယ် ဆိုတဲ့ မက်ဆီ
လီယွန်နယ် မက်ဆီ ကတော့ ဒီနှစ် ဘလွန်းဒီအောဆု ကို သူ ရသွားပေမယ့် ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဒီဆု ရဖို့ ထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လီဝန်ဒေါစကီး ဟာ အခုနှစ်မှာ ဒီဆုကို ရယူနိုင်ဖို့ မက်ဆီနဲ့ အပြိုင်ရေပန်းစားခဲ့ပေမယ့် မက်ဆီကပဲ (၇)ကြိမ်မြောက် အဖြစ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်တည်းက ဘလွန်းဒီအောရဖို့ ရေပန်းစားခဲ့တာ ဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပရေးက မနှစ်က ဒီဆုပေးပွဲကို ကိုဗစ်ကြောင့် ဖျက်သိမ်းခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မက်ဆီ ရဲ့နိုင်ငံလက်ရွေးစင် အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုကြောင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် လီဝန်ဒေါစကီး ဟာ အခုနှစ်ဆုပေးပွဲအတွက် ဆုအသစ်ဖြစ်တဲ့ တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူး ဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီ က ” ရောဘတ်ရေ ခင်ဗျား ဘလွန်းဒီအောဆုကို ရယူနိုင်ဖို့ ထိုက်တန်ပါတယ်။ မနှစ်ကတုန်းက ခင်ဗျား ဒီဆုကို ရမယ် ဆိုတာ အားလုံးက သဘောတူ လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒီနှစ်အတွယ် ခင်ဗျားနဲ့ ယှဉ်ပြိုင်ပြီး ဒီဆုကို ရယူနိုင်ခဲ့တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီး ဟာ အခုနှစ်အတွင်းမှာ ပြိုင်ပွဲစုံ (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနှစ် ဘလွန်းဒီအော အတွက် မဲပေးခဲ့ရာမှာ မက်ဆီက (၆၁၃)မှတ်ရရှိခဲ့ပြီး လီဝန်ဒေါစကီးက (၅၈၀)မှတ်နဲ့ ဂျော်ဂျင်ဟို က (၄၆၀) မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

ZG
လီယြန္နယ္ မက္ဆီ ကေတာ့ ဒီနွစ္ ဘလြန္းဒီေအာဆု ကို သူ ရသြားေပမယ့္ ဘိုင္ယန္ျမဴးနစ္ အသင္း တိုက္စစ္မႉး လီဝန္ေဒါစကီး ဟာ ဒီဆု ရဖို႔ ထိုက္တန္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။
လီဝန္ေဒါစကီး ဟာ အခုႏွစ္မွာ ဒီဆုကို ရယူႏိုင္ဖို႔ မက္ဆီနဲ႔ အၿပိဳင္ေရပန္းစားခဲ့ေပမယ့္ မက္ဆီကပဲ (၇)ႀကိမ္ေျမာက္ အျဖစ္ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဝန္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ႏွစ္တည္းက ဘလြန္းဒီေအာရဖို႔ ေရပန္းစားခဲ့တာ ျဖစ္ေပမယ့္ ၿပိဳင္ပြဲက်င္းပေရးက မႏွစ္က ဒီဆုေပးပြဲကို ကိုဗစ္ေၾကာင့္ ဖ်က္သိမ္းခဲ့လို႔ နစ္နာခဲ့ရတာျဖစ္ပါတယ္။
ဒီႏွစ္မွာေတာ့ မက္ဆီ ရဲ႕ႏိုင္ငံလက္ေ႐ြးစင္ အသင္းနဲ႔ အတူ ကိုပါအေမရိကဖလား ရယူႏိုင္ခဲ့တဲ့ ေအာင္ျမင္မႈေၾကာင့္ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉးဟာ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္ လီဝန္ေဒါစကီး ဟာ အခုႏွစ္ဆုေပးပြဲအတြက္ ဆုအသစ္ျဖစ္တဲ့ တႏွစ္တာ အေကာင္းဆုံး တိုက္စစ္မႉး ဆုကို ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
မက္ဆီ က ” ေရာဘတ္ေရ ခင္ဗ်ား ဘလြန္းဒီေအာဆုကို ရယူႏိုင္ဖို႔ ထိုက္တန္ပါတယ္။ မႏွစ္ကတုန္းက ခင္ဗ်ား ဒီဆုကို ရမယ္ ဆိုတာ အားလုံးက သေဘာတူ လက္ခံထားၾကတာ ျဖစ္ပါတယ္။ ဒီနွစ္အတြယ္ ခင္ဗ်ားနဲ႕ ယွဥ္ျပိဳင္ျပီး ဒီဆုကို ရယူႏိုင္ခဲ့တာက ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါပဲ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
လီဝန္ေဒါစကီး ဟာ အခုႏွစ္အတြင္းမွာ ၿပိဳင္ပြဲစုံ (၅၃)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အခုႏွစ္ ဘလြန္းဒီေအာ အတြက္ မဲေပးခဲ့ရာမွာ မက္ဆီက (၆၁၃)မွတ္ရရွိခဲ့ၿပီး လီဝန္ေဒါစကီးက (၅၈၀)မွတ္နဲ႔ ေဂ်ာ္ဂ်င္ဟို က (၄၆၀) မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။