စီးတီးကို ဟက်ထရစ် သွင်းခဲ့တဲ့ ယိုကီရက်စ် က နည်းပြအမ်မိုရင်းနဲ့ အတူ အိုးထရက်ဖို့ဒ်ကို ရောက်လာနိုင်မလား

စပို့တင်းလစ္စဘွန်း နည်းပြ အမ်မိုရင်းက မန်ချက်စတာ ယူနိုက်တက်ကို ကိုင်မယ်ဆိုတော့ သရဲနီ ပရိသတ်တွေက အမ်မိုရင်း ဟာ ဘယ်လို တပည့်ကျော်တွေ ယူနိုက်တက်ထံ ခေါ်လာမလဲ ဆိုတာ ထည့်သွင်း မျှေ်ာလင့်ထားကြပါတယ်။

ဒီထဲမှာ ယူနိုက်တက် ပရိသတ်တွေ မျက်စိအကျဆုံးကတော့ စပို့တင်း တိုက်စစ်သမား ယိုကီရက်စ် ပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေ သူ့ကို အလိုရှိနေချိန်မှာပဲ ယိုကီရက်စ်က ဆက်တိုက်ခြေစွမ်းပြ ခဲ့ပြန်ပါတယ်။ ညက မန်စီးတီးကို ယိုကီရက်စ် က ဟက်ထရစ်သွင်းတယ်၊ လိဂ်ပွဲနောက်ဆုံးပွဲတုန်းက ၄ ဂိုးရခဲ့တယ်။

ယိုကီရက်စ်က နောက်ဆုံး ၂ပွဲမှာတင် ၇ ဂိုးအထိ သွင်းခဲ့တာပါ။ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၇ ပွဲကစားထားပြီး ၂၃ ဂိုးအထိ သွင်းပြီးပြီ။ ဖန်တီးမှုက ၄ ကြိမ်ရှိတယ်။

အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားနေတဲ့ မထင်မရှားကစားသမားကို အမ်မိုရင်းက ခေါ်ယူခဲ့ပြီး ဥရောပတခုလုံး သိလာအောင် လုပ်ပေးနိုင်ခဲ့တာပါ။ ယိုကီရက်စ်ရဲ့ ကြိုးစားအားထုတ်မှုကလည်း အခုဆိုရင် အသင်းကြီးတိုင်း စိတ်ဝင်စားရတဲ့ အနေအထားအထိ ရောက်လာခဲ့ပါပြီ။

ဇန်နဝါရီမှာ နည်းပြ အမ်မိုရင်းက ယိုကီရက်စ်ကို ယူနိုက်တက်ထံ ခေါ်ယူနိုင်ချေရှိတယ်လို့ သတင်းတွေ ဆက်တိုက်ထွက်နေချိန်မှာ သူက ဂိုးတွေအများကြီးသွင်းပြခဲ့တယ်။

အသင်းသစ်ကို ကိုင်တွယ်ရင် အသင်းဟောင်းက အားထားရတဲ့ ကစားသမားတွေကို ပြန်ခေါ်တတ်တဲ့ နည်းပြတွေရဲ့ စရိုက်ကြောင့် ယိုကီရက်စ်ကို အိုးထရက်ဖို့ဒ်မှာ မြင်ရမှာလားဆိုတာ စောင့်ကြည့် ရင်ခုန်ရဦးမှာပါပဲ။