မန်ယူရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်ကို ထည့်သွင်းရတော့မယ့် ကစားသမား အမည် ပေါစခိုးလ် ထုတ်ဖော်
မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ်ပွဲ အဖြစ် ဂရိကလပ် PAOK အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ၂-ဝနဲ့ နိုင်ပွဲကောင်း ရခဲ့ပါတယ်။
ယူနိုက်တက် အတွက် နှစ်ဂိုးလုံးကို အာမက် ဒီယာလို က သွင်းယူခဲ့တာ ဖြစ်ပြီး အိုင်ဗရီကို့စ်သား အတွက် ချီးကျူးမှုတွေ များစွာ ရှိခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်ဟောင်းကြီး ပေါစခိုးလ်ကတော့ အာမက်ဒီယာလိုဟာ အသင်းရဲ့ ပွဲထွက်မှာ တစ်နေရာ ရသင့်နေပြီ ဖြစ်ကြောင်း ပြောဆိုရင်း ချီးကူးသွားခဲ့ပါတယ်။
ညကပွဲဟာ အာမက်အတွက် ဒီရာသီ ၇ ပွဲမြောက် ပွဲထွက်ကနေ ပါဝင်ခြင်း ဖြစ်ကာ အသင်းအတွက် အရေးပါတဲ့နေရာကနေ ဒီတလောမှာ အစွမ်းပြနေပါတယ်။

ပေါစခိုးလ်က ” အာမက်ကတော့ ဒီည အကောင်းဆုံးပဲ။ ပထမပိုင်း မိနစ် ၂ဝ အတွင်းမှာ သူက ကွင်းထဲ အထက်မြက်ဆုံး ကစားသမားလိုပဲ၊ ဒါကို ဒုတိယပိုင်းမှာ သူ ဆက်ပြီး သက်သေပြခဲ့တယ်။
သူက ပွဲတွေမှာ ဝင်ကစားလိုက် မကစားလိုက် ဖြစ်နေတယ်။ ဒီလိုပြိုင်ပွဲမှာတော့ သူ အခွင့်အရေး ရခဲ့တာပေါ့။ ဒီလို အနေအထားနဲ့ ဆိုရင် သူက weekend (ပရီးမီးယားလိဂ်) ပွဲတွေမှာပါ နေရာ ရသင့်နေပါပြီ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ယာယီ နည်းပြ နစ္စတယ်ရွိုင်းကလည်း အသက် ၂၂ နှစ် အရွယ် ယူနိုက်တက် တိုက်စစ်သမားလေးဟာ အသင်း ထရိန်နင်မှာလည်း မခိုမကပ်ဘဲ ကြိုးစားခဲ့သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးခဲ့ပါသေးတယ်။