ယူရိုပါလိဂ်မှာ အနိုင်ဂိုး ၂ ဂိုးလုံးသွင်းကာ အာမက် ကို လုပ်ပြစေနိုင်ခဲ့တဲ့ အကြောင်းရင်းအား နစ္စတယ်ရွိုင်း ဖော်ထုတ်

ယူနိုက်တက် ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် နိုင်ပွဲမှ သူရဲကောင်း အောမက် ဒီရယ်လိုကို အရန်ခုံမှာ ထိုင်နေခဲ့ရမှုများကြောင့် စိတ်ဓာတ်တက်ကြွစေခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အာမက် ဟာ ၆ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် မနေ့ညတုန်းက PAOK နှင့်ပွဲတွင် ပွဲထွက်ခွင့် ရပြီးနောက် ယူနိုက်တက်ရဲ့ အနိုင်ဂိုး ၂ ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ အာမက် ဒီရယ်လိုဟာ ပထမပိုင်းတွင် အကောင်းဆုံးကစားပြီးနောက် ဒုတိယပိုင်းတွင် ယူနိုက်တက်ရဲ့ အနိုင်ဂိုး ၂ ဂိုးကို သွင်းယူခဲ့တာပါ။

ဒါ့အပြင် နစ္စတယ်ရွိုင်းက ပထမပိုင်းတွင် နည်းဗျူဟာပိုင်း အမှားများ ပြုလုပ်ခဲ့ကာ ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်တည်းသာ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ခံသွားပါတယ်။

နစ္စတယ်ရွိုင်းက “သူ့မှာ ကြီးကျယ်တဲ့ စရိုက်ရှိတယ်။ အလုပ်လည်း ကြိုးစားတယ်။ သူဟာ ဒါတွေကို လေ့ကျင့်ခန်းအစီအစဉ်တိုင်းမှာ ပြသတယ်။

ကျွန်တော့်ဆီ နေ့တိုင်းလာပြီး အဆုံးသတ်ကောင်းဖို့ ဖြတ်တင်ဘောကောင်းဖို့ တစ်ဦးချင်း အတွေ့မှာ ကောင်းမွန်လာဖို့ သင်ပေးဖို့ တောင်းဆိုတယ်။ အဆုံးသတ်ကောင်းအောင်၊ ခေါင်းတိုက်ကောင်းအောင် ဘာလုပ်ရမလဲ အမြဲမေးတယ်။

သူက သင်ကြားမှုအားကောင်းတော့ ပိုကောင်းလာနေတယ်။ အကောင်းဆုံးဖြစ်လာဖို့လည်း သူက စိတ်အားထက်သန်တယ်”လို့ ပြောကြားသွားပါတယ်။

အာမက် ဒီရယ်လိုဟာ လာမယ့် ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်ဘက်က စာချုပ်ပါအချက်အတိုင်း တစ်နှစ်စာချုပ် သက်တမ်းတိုး ချုပ်ဆိုထားပါတယ်။

ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ နည်းပြသစ်ရူဘင်အေမိုရမ်နှင့် လက်တွဲရပါမယ်။