မစောင့်နိုင်တော့ဘူး ဆိုတဲ့ အာမိုရင်၊ လစာ ၃ဆနဲ့ ဒီယာလို၊ ထရိန်နင် ပြန်ဆင်းနေကြသူများ၊ ဘစ်ဆာကာ ဝန်ခံမှုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အာမိုရင်ကတော့ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေကြောင့် အသင်းကို ကိုင်တွယ်ခွင့်ရဖို့ မစောင့်နိုင်တော့ဘူးဆိုပြီး ပရိသတ်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။
ဒဏ်ရာ ပြဿနာကြောင့် ဒီရာသီထဲ တစ်ပွဲမှကို ပါဝင်ထားနိုင်ခြင်း မရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ အခုဆိုရင်တော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီပဲ ဖြစ်ပါတယ်။
အခုဆိုရင် ယူနိုက်တက်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ လုခ်ရှော မာလာစီယာ ယိုရိုနဲ့ မေဆန်မောင့်တို့ဟာ ဒဏ်ရာကနေ သက်လာနေကြပြီဖြစ်လို့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေကြသလို ကိုဘီ မိန်းနူးရဲ့ ဒဏ်ရာ အခြေအနေဟာလည်း တိုးတက်မှု ရှိနေတယ်လို့ နစ္စတယ်ရွိုင်းက အတည်ပြုထားပါတယ်။

ယူနိုက်တက်ဟာ လူငယ် တိုက်စစ်သမားလေး အာမက် ဒီယာလိုကို လုပ်ခသုံးဆ တိုးမြှင့်ပြီး ငါးနှစ်စာချုပ်သစ်ကမ်းလှမ်းရန် စီစဉ်နေပါတယ်။
အသက် ၂၂ နှစ် အရွယ် ဒီယာလိုရဲ့ လက်ရှိစာချုပ်က ယခုရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ အချက်အတိုင်း ချုပ်ဆိုရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ယူနိုက်တက်ဟာ ဒီယာလို ကို နှစ်ရှည်စာချုပ်သစ်သာ ချုပ်ဆိုလိုနေပါတယ်။
ဝက်စ်ဟမ်းမှာ ခြေစွမ်းပြသနေတဲ့ နောက်ခံအစွန်လူ ဝမ်ဘစ်ဆာကာ ကတော့ အသင်းဟောင်း မန်ယူမှာ အတော်လေးကို ရုန်းကန်ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။