မန်စီးတီးကနေ ထွက်ခွာရင် ဘာလုပ်မလဲ ထပ်ပြောလာပြန်တဲ့ ဂွာဒီယိုလာ
မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကတော့ သူဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာပြီးရင် နိုင်ငံ အသင်းတွေကို ကိုင်တွယ်ချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
အသက် ၅၀ အရွယ် စပိန်လူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ဂွာဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့လို ဥရောပ ထိပ်သီးအသင်းတွေမှာ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သူ တဦး ဖြစ်ပြီး ကမ္ဘာ့သမိုင်း တလျှောက် အကောင်းဆုံး နည်းပြတွေထဲက တဦးအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။
လက်ရှိမှာ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထား ကြိုးစားနေပြီး အသင်းနဲ့ ၂၀၂၂ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီအစမှာပဲ သူဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပြီး စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အတွက် နိုင်ငံလက်ရွေးစင် အသင်းတွေကို ကိုင်တွယ်ချင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂွာဒီယိုလာက သူဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာပါက နိုင်ငံအသင်း တသင်းကို ကိုင်တွယ်ချင်ကြောင်း ထပ်မံ ပြောဆိုလာခဲ့ပြီး သူက ဘယ်အသင်းကို ကိုင်တွယ်မလဲ ဆိုတာကိုတော့ မစဉ်းစားရသေးဘူးလို့ ဆိုပါတယ်။
ဂွာဒီယိုလာက – “ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ မန်ချက်စတာ စီးတီးအသင်းနဲ့ လမ်းခွဲပြီးရင် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ချင်ပါတယ်။ ကျွန်တော်က နိုင်ငံအသင်းရဲ့ နည်းပြတဦး ဖြစ်ချင်ပါတယ်။ ဒါပေမယ့် နိုင်ငံအသင်း တသင်းရဲ့ နည်းပြအလုပ်ကို ရှာဖို့ဆိုတာ မလွယ်ပါဘူး။ အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံအသင်းတွေရဲ့ နည်းပြတွေ နေရာမှာ လစ်လပ်နေတာက ရှားတယ်လေ။
ဒါကြောင့် နိုင်ငံအသင်း တသင်းရဲ့ နည်းပြရာထူးကို ရဖို့ ဆိုတာ ခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က နိုင်ငံအသင်း တသင်းကို ကိုင်တွယ်ချင်တယ်။ ဒါပေမယ့် တကယ်လို့ အဲ့ဒီလိုမျိုး ဖြစ်မလာခဲ့ရင် ကလပ်အသင်း တသင်း ကို နည်းပြချင်ပါတယ်။ ဒါပါပဲ။ အင်္ဂလန်မှာတော့ မန်ချက်စတာ စီးတီးအသင်း တသင်းထဲကိုပဲ နည်းပြသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ZG
မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာ ကေတာ့ သူဟာ မန္ခ်က္စတာ စီးတီးအသင္း ကေန ထြက္ခြာၿပီးရင္ ႏိုင္ငံ အသင္းေတြကို ကိုင္တြယ္ခ်င္ေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။
အသက္ ၅၀ အ႐ြယ္ စပိန္လူမ်ိဳး ထိပ္တန္းနည္းျပ တဦး ျဖစ္သူ ဂြာဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ မန္ခ်က္စတာ စီးတီးအသင္းတို႔လို ဥေရာပ ထိပ္သီးအသင္းေတြမွာ ဆုဖလားေပါင္း မ်ားစြာ ရယူႏိုင္ခဲ့သူ တဦး ျဖစ္ၿပီး ကမာၻ႔သမိုင္း တေလွ်ာက္ အေကာင္းဆုံး နည္းျပေတြထဲက တဦးအျဖစ္လည္း သတ္မွတ္ခံထားရသူပါ။
လက္ရွိမွာ ဂြာဒီယိုလာဟာ မန္စီးတီးအသင္းနဲ႔ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ေအာင္ ပစ္မွတ္ထား ႀကိဳးစားေနၿပီး အသင္းနဲ႔ ၂၀၂၂ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနပါေသးတယ္။
ဒါေပမယ့္ ဂြာဒီယိုလာက ယခုႏွစ္ ေဘာလုံးရာသီအစမွာပဲ သူဟာ မန္ခ်က္စတာ စီးတီးအသင္းနဲ႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုေတာ့မွာ မဟုတ္ေၾကာင္း အတည္ျပဳေပးခဲ့ၿပီး စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္ဖို႔ အတြက္ ႏိုင္ငံလက္ေ႐ြးစင္ အသင္းေတြကို ကိုင္တြယ္ခ်င္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။
ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဂြာဒီယိုလာက သူဟာ မန္ခ်က္စတာ စီးတီးအသင္း ကေန ထြက္ခြာပါက ႏိုင္ငံအသင္း တသင္းကို ကိုင္တြယ္ခ်င္ေၾကာင္း ထပ္မံ ေျပာဆိုလာခဲ့ၿပီး သူက ဘယ္အသင္းကို ကိုင္တြယ္မလဲ ဆိုတာကိုေတာ့ မစဥ္းစားရေသးဘူးလို႔ ဆိုပါတယ္။
ဂြာဒီယိုလာက – “ကြၽန္ေတာ္ အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ၿပီးပါၿပီ။ မန္ခ်က္စတာ စီးတီးအသင္းနဲ႔ လမ္းခြဲၿပီးရင္ ယူ႐ိုၿပိဳင္ပြဲနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ကို ဝင္ေရာက္ ယွဥ္ၿပိဳင္ခ်င္ပါတယ္။ ကြၽန္ေတာ္က ႏိုင္ငံအသင္းရဲ႕ နည္းျပတဦး ျဖစ္ခ်င္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံအသင္း တသင္းရဲ႕ နည္းျပအလုပ္ကို ရွာဖို႔ဆိုတာ မလြယ္ပါဘူး။ အားလုံးသိတဲ့ အတိုင္းပဲ ႏိုင္ငံအသင္းေတြရဲ႕ နည္းျပေတြ ေနရာမွာ လစ္လပ္ေနတာက ရွားတယ္ေလ။
ဒါေၾကာင့္ ႏိုင္ငံအသင္း တသင္းရဲ႕ နည္းျပရာထူးကို ရဖို႔ ဆိုတာ ခက္ခဲမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္က ႏိုင္ငံအသင္း တသင္းကို ကိုင္တြယ္ခ်င္တယ္။ ဒါေပမယ့္ တကယ္လို႔ အဲ့ဒီလိုမ်ိဳး ျဖစ္မလာခဲ့ရင္ ကလပ္အသင္း တသင္း ကို နည္းျပခ်င္ပါတယ္။ ဒါပါပဲ။ အဂၤလန္မွာေတာ့ မန္ခ်က္စတာ စီးတီးအသင္း တသင္းထဲကိုပဲ နည္းျပသြားမွာပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။