မန်ယူရဲ့ လက်စတာကို ၃ဂိုးပြတ် နိုင်တဲ့ပွဲမှာ အားရစရာ တစ်ချက် ရှိကြောင်း ချီးကျူးခဲ့တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်း
မနေ့ညက မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ လက်စတာ အသင်းကို ဧည့်ခံ ကစားရာ ယူနိုက်တက်က ၃-ဝ နဲ့ ဂိုးပြတ် နိုင်ပွဲ ရသွားခဲ့ပါတယ်။ ဒီပွဲဟာ နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက် ယာယီနည်းပြ တာဝန်ယူတဲ့ နောက်ဆုံးပွဲ လည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ဘရူနို ဖာနန်ဒက်စ်နဲ့ ဂါနာချိုက တစ်ဂိုးစီနဲ့ Kristiansen (OG) တစ်ဂိုးတို့ကနေ ရရှီခဲ့တာ ဖြစ်ပါတယ်။
စပါးနဲ့ မန်စီးတီး ကွင်းလယ်ဟောင်းကြီး မိုက်ကယ် ဘရောင်းက ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် က နိုင်တဲ့ အပြင် တစ်ဂိုးမှ ပြန် မပေးခဲ့ရခဲ့တာက တကယ်ကို အကောင်းမြင်စရာ ဖြစ်ကြောင်း ဘီဘီစီကနေ သုံးသပ် ချီးကျူးခဲ့ပါတယ်။

မိုက်ကယ် ဘရောင်းက ” မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဒီည clean sheet ရခဲ့တာ တကယ်ကို အကောင်းမြင်စရာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက်က ဂိုးတွေ တောက်လျောက် ပေးနေခဲ့ရသေးတာကြောင့်ပါပဲ။
ဒီအသင်း လူစာရင်းမှာ ကွာလတီကောင်းတွေ ရှိပြီးသားပါ။ ဒီ ကစားသမားတွေကို ဘရူနို ဖာနန်ဒက်စ်က ဦးစီး ဦးဆောင် လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး သူ လုပ်စရာ ရှိတာတွေ လုပ်သွားခဲ့တယ်။ ” လို့ သုံးသပ် ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ဒီ နိုဝင်ဘာ ၁၁ ရက် တနင်္လာနေ့က စတင်ပြီး မန်ချက်စတာ ယူနိုက်တက်ကို နည်းပြ အမ်မိုရင်းက ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။