နစ္စတယ်ရွိုင်းနဲ့ ဖရန့်လမ်းပတ်တို့ကို အပြိုင် နည်းပြခန့်ဖို့ စဉ်းစားနေတဲ့ အင်္ဂလိပ် ကလပ်အသင်း

သရဲနီဟောင်းကြီး ရုဒ်ဗန် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်မှ ထွက်ခွာလာပြီး ရက်အနည်းငယ်အကြာတွင်ပင် လစ်လပ်နေတဲ့ ကိုဗင်ထရီ နည်းပြ ရာထူးအတွက် လျှောက်ထားလိုက်ပြီ လို့ သိရပါတယ်။

အသက် ၄၈ နှစ်ရှိ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေရလဒ် ရရှိအောင် စွမ်းဆောင်ပြီးနောက် တနင်္လာနေ့တုန်းက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ဒတ်ချ်လူမျိုးနည်း နည်းပြဟာ အင်္ဂလိပ်ဘောလုံးလောကတွင်ပင် နည်းပြအဖြစ် ဆက်လက် ကျင်လည်လိုနေပါတယ်။

နယ်သာလန်အသင်းတွင် လက်ထောက်နည်းပြအဖြစ် ၂ ကြိမ် တာဝန်ထမ်းဆောင်ဖူးတဲ့ နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီကို တစ်ရာသီကိုင်တွယ်ခဲ့ရာမှာ ဒတ်ချ်ရှုံးထွက်ဖလားရအောင် စွမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီဟာ မကြာသေးမီတုန်းက အသင်းကို ၇ နှစ်ကြာ ကိုင်တွယ်လာခဲတဲ့ မတ်ရိုဘင်အား ထုတ်ပယ်ထားပါတယ်။ မတ်ရိုဘင်ဟာ ကိုဗင်ထရီကို လိဂ် ၂ မှ ပရီးမီးယားလိဂ်သို့ တန်းတက်ရေး ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်အောင် တည်ဆောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကိုဗင်ထရီ ပိုင်ရှင် ဒေါက်ကိန်းဟာ အသင်းကို ဦးဆောင်ရေးအတွက် ထိပ်တန်းနည်းပြများရဲ့ လျှောက်ထားမှုများကို ကြည့်ရှုစစ်ဆေးနေပါတယ်။

ရုဒ်ဗန် နစ္စတယ်ရွိုင်းဟာ လစ်လပ်နေတဲ့ ကိုဗစ်ထရီနည်းပြရာထူးအတွက် ကစားသမားဘဝ ပြိုင်ဘက်ဟောင်းဖရန့်လမ်းပတ်နှင့် အဓိကထား ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။