ဘလွန်းဒီအော ဆုက ဘယ်လိုတွေ ပေးနေလဲ ယုံရခက်လာပြီလို့ ဝေဖန်လိုက်ကြတဲ့ ခရူးစ်နဲ့ ကားဆီးလက်

ဒီနှစ် ဘလွန်းဒီအော ဆုကို မက်ဆီ ရရှိပြီးနောက်မှာ နောက်ဆက်တွဲ ဝေဖန်မှုတွေက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ထိုဆုအတွက် မဲပေးမှုမှာ မက်ဆီက ၆၁၃ မှတ် ရရှိခဲ့သလို လီဝန်ဒေါ့စကီး ကတော့ ၅၈၀ ရရှိခဲ့တာပါ။

မက်ဆီကက အာဂျင်တီးနား ကို ကိုပါ အမေရိက ဖလားယူပေးရုံသာမက လာလီဂါ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပြီးမှ PSG ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာတော့ လီဝန်ဒေါ့စကီး က ဒုတိယ၊ တတိယ နေရာမှာ ဂျော်ဂျင်ဟို နဲ့ နံပတ် ၄ မှာတော့ ဘန်ဇီးမာ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ အဆင့် ၆ သာချိတ်ခဲ့ပါတယ်။

ဘလွန်းဒီအော ဆု ရွေးချယ်မှု အပေါ် ရီးရဲလ်မက်ဒရစ် အသင်းသား တိုနီ ခရူး နဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ကက်ဆီးလက်စ်တို့က ဝေဖန် ပြစ်တင်ပါတယ်။ ခရူးစ် ကတော့ ဘောလုံး ဂျာနယ်လစ် တွေ မဲပေးရွေးချယ်မှု က မှားယွင်းတယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ခရူးစ် က ‘ကျွန်တော့် အနေနဲ့ တစ်ဦးချင်း ဆုကို စိတ်မဝင်စားပါဘူး။ မနှစ်က တစ်ယောက်ချင်း ခြေစွမ်းကို သာ ကြည့်မယ်ဆို ရင် ဘန်ဇီးမာ ရရှိသင့်ပါတယ်။

သူက ခြေစွမ်းပြတာ အားလုံးမြင်တွေ့ခဲ့ရတာပဲ။ ဘာလို့ ဘင်းဇီးမာက ဆု မရရှိသလည်း ဆိုတော့ ဘောလုံး ဂျာနယ်လစ်တွေ မျက်စိထဲမှာ သူမရှိ လို့ပဲ။ ဒီနှစ်မှာ သူက အင်မတန် ထူးခြားစွာ စွမ်းဆောင်နိူင်တဲ့ တိုက်စစ်မှူး တစ်ယောက်ပါ။ ဒီနှစ် ဆုကို သူ ရရှိသင့်ပါတယ်။’ ဆိုပြီး စပိန် သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရီးရဲလ် ကစားသမား ဟောင်းဖြစ်တဲ့ ကက်ဆီးလက်စ် မက်ဆီ ရရှိတာပျော်ရွှင်ခဲ့ခြင်း မရှိပါဘူး။ သူက ‘ဒီ ဘလွန်းဒီအော ဆု က နှစ်တိုင်း ဘယ်သူ ဘာကြောင့်ဆုရလည်း ဆိုတာ ယုံရခက်လာပါပြီ။ မက်ဆီ က ဘောလုံး သမိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ရာသီတစ်ခုမှာ ဘယ် ကစားသမားက အထူးချွန်ဆုံး ခြေစွမ်းပြနိူင်လည်း ဆိုတာကို ကျွန်တော်တို့ သိဖို့လိုပါတယ်။

ဘယ်ကစားသမားတွေက ထူးချွန်ပြောင်မြောက်စွာ ခြေစွမ်းပြနိူင်လည်း ကျွန်တော်တို့ မျက်ဝါး ထင်ထင် တွေ့မြင် ခဲ့ရပါတယ်။ ဘယ်သူ ခြေစွမ်းပြနိူင်လည်း ဆိုတာ ကြည့်ဖို့ မခက်ပါဘူး။ ဒါပေမယ့် လူတွေက ဒါကို ဘာလို့ ခက်ခဲအောင် လုပ်နေလည်းဆိုတာ နားမလည်နိူင်ဘူး။’ ဆိုပြီး သူ့ တွစ်တာ ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

ZG

ဒီနွစ္ ဘလြန္းဒီေအာ ဆုကို မက္ဆီ ရရွိၿပီးေနာက္မွာ ေနာက္ဆက္တြဲ ေဝဖန္မႈေတြက ျပင္းထန္ေနဆဲ ျဖစ္ပါတယ္။ ထိုဆုအတြက္ မဲေပးမႈမွာ မက္ဆီက ၆၁၃ မွတ္ ရရွိခဲ့သလို လီဝန္ေဒါ့စကီး ကေတာ့ ၅၈၀ ရရွိခဲ့တာပါ။

မက္ဆီကက အာဂ်င္တီးနား ကို ကိုပါ အေမရိက ဖလားယူေပး႐ုံသာမက လာလီဂါ ဂိုးသြင္းဘုရင္ ျဖစ္ခဲ့ၿပီးမွ PSG ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ သူ႔ေနာက္မွာေတာ့ လီဝန္ေဒါ့စကီး က ဒုတိယ၊ တတိယ ေနရာမွာ ေဂ်ာ္ဂ်င္ဟို နဲ႔ နံပတ္ ၄ မွာေတာ့ ဘန္ဇီးမာ ျဖစ္ပါတယ္။ ေရာ္နယ္ဒို ကေတာ့ အဆင့္ ၆ သာခ်ိတ္ခဲ့ပါတယ္။

ဘလြန္းဒီေအာ ဆု ေရြးခ်ယ္မႈ အေပၚ ရီးရဲလ္မက္ဒရစ္ အသင္းသား တိုနီ ခ႐ူး နဲ႔ ကစားသမားေဟာင္းျဖစ္ခဲ့တဲ့ ကက္ဆီးလက္စ္တို႔က ေဝဖန္ ျပစ္တင္ပါတယ္။ ခ႐ူးစ္ ကေတာ့ ေဘာလုံး ဂ်ာနယ္လစ္ ေတြ မဲေပးေ႐ြးခ်ယ္မႈ က မွားယြင္းတယ္လို႔​ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ခရူးစ္ က ‘ကြၽန္ေတာ့္ အေနနဲ႔ တစ္ဦးခ်င္း ဆုကို စိတ္မဝင္စားပါဘူး။ မႏွစ္က တစ္ေယာက္ခ်င္း ေျခစြမ္းကို သာ ၾကည့္မယ္ဆို ရင္ ဘန္ဇီးမာ ရရွိသင့္ပါတယ္။

သူက ေျခစြမ္းျပတာ အားလုံးျမင္ေတြ႕ခဲ့ရတာပဲ။ ဘာလို႔ ဘင္းဇီးမာက ဆု မရရွိသလည္း ဆိုေတာ့ ေဘာလုံး ဂ်ာနယ္လစ္ေတြ မ်က္စိထဲမွာ သူမရွိ လို႔ပဲ။ ဒီႏွစ္မွာ သူက အင္မတန္ ထူးျခားစြာ စြမ္းေဆာင္ႏိူင္တဲ့ တိုက္စစ္မႉး တစ္ေယာက္ပါ။ ဒီႏွစ္ ဆုကို သူ ရရွိသင့္ပါတယ္။’ ဆိုၿပီး စပိန္ သတင္းဌာနကို ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ရီးရဲလ္ ကစားသမား ေဟာင္းျဖစ္တဲ့ ကက္ဆီးလက္စ္ မက္ဆီ ရရွိတာေပ်ာ္႐ႊင္ခဲ့ျခင္း မရွိပါဘူး။ သူက ‘ဒီ ဘလြန္းဒီေအာ ဆု က ႏွစ္တိုင္း ဘယ္သူ ဘာေၾကာင့္ဆုရလည္း ဆိုတာ ယုံရခက္လာပါၿပီ။ မက္ဆီ က ေဘာလုံး သမိုင္းမွာ အေကာင္းဆုံး ကစားသမား တစ္ေယာက္ ဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ ရာသီတစ္ခုမွာ ဘယ္ ကစားသမားက အထူးခြၽန္ဆုံး ေျခစြမ္းျပႏိူင္လည္း ဆိုတာကို ကြၽန္ေတာ္တို႔ သိဖို႔လိုပါတယ္။

ဘယ္ကစားသမားေတြက ထူးခြၽန္ေျပာင္ေျမာက္စြာ ေျခစြမ္းျပႏိူင္လည္း ကြၽန္ေတာ္တို႔ မ်က္ဝါး ထင္ထင္ ေတြ႕ျမင္ ခဲ့ရပါတယ္။ ဘယ္သူ ေျခစြမ္းျပႏိူင္လည္း ဆိုတာ ၾကည့္ဖို႔ မခက္ပါဘူး။ ဒါေပမယ့္ လူေတြက ဒါကို ဘာလို႔ ခက္ခဲေအာင္ လုပ္ေနလည္းဆိုတာ နားမလည္ႏိူင္ဘူး။’ ဆိုၿပီး သူ႔ တြစ္တာ ကေနတစ္ဆင့္ ေျပာၾကားလိုက္ပါတယ္။