စီ ရော်နယ်လ်ဒို ဆုတောင်း၊ တော်မီနေးရဲ့ ဝန်ခံချက်၊ ဂျူဗီနဲ့ လမ်းခွဲတဲ့ ပေါ့ဘာ၊ လူးဝစ်ဆာဟာရဲ့ အကြံပေးမှုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ
ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို က မန်ချက်စတာယူနိုက်တက်နည်းပြသစ် ရူဘင် အမိုရင်ကို ကံကောင်းပါစေလို့ ဆုတောင်းစကားပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းကတော့ နည်းပြသစ် အာမိုရင်ရဲ့ နည်းပြအဖွဲ့ဝင်သစ်တွေနဲ့အတူ လက်ရှိ နည်းပြအဖွဲ့ဝင် ၂ ယောက်ကို ပူးတွဲ ခန့်အပ်ခဲ့ပါတယ်။
နာပိုလီ အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ မန်ယူအသင်း ကွင်းလယ်လူဟောင်း တော်မီနေးကတော့ အသင်းဟောင်းကို စွန့်ခွါဖို့ အလွန်ခက်ခဲခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ငယ်မွေးခြံပေါက် တော်မီနေးဟာ အသင်းနဲ့ ၂၂ နှစ်ကြာ ပူးပေါင်းခဲ့ဖူးသူ တစ်ယောက် ဖြစ်ပြီး နောက်ဆုံး မှာတော့ အသင်းကနေ ထွက်ခွါဖို့ အတင်းဖိအားပေးခံခဲ့ရပါတယ်။
မန်ယူကွင်းလယ်ဟောင်း ပေါလ် ပေါ့ဂ်ဘာ ဟာ လက်ရှိကလပ် ဂျူဗင်တပ်အသင်းတို့ဟာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲကစားခွင့်ပိတ်ပင်ခံထားရမှုကနေ ပြန်လည် ကစားပေးနိုင်ဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
မန်ယူ အနေနဲ့ လာမယ့် ဆောင်းဈေးကွက်မှာ ရီးယဲလ် မက်ဒရစ် ကွင်းလယ်ကစားသမား အာဒါ ဂူလာနဲ့ နာပိုလီကနေ ဂါလာတာစာရေးမှာ အငှားနဲ့ သွားကစားနေတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်တို့ကို ခေါ်ယူသင့်တယ်လို့ သရဲနီဟောင်း လူးဝစ် ဆာဟာက တိုက်တွန်းလိုက်ပါတယ်။