မန်ယူနဲ့ လီဗာပူးတို့ ခေါ်ယူဖို့ အပြိုင် ချိတ်နေကြတဲ့ ပရီးမီးယားလိဂ် ဘယ်နောက်ခံ ကစားသမား
မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးအသင်း တို့ဟာ ဘုန်းမောက် အသင်းနဲ့ တူ ခြေစွာနေတဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကနဦး ချိတ်ဆက် မေးမြန်းထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
နည်းပြ Andoni Iraola လက်အောက်မှာ ဘုန်းမောက်အသင်းတို့ တောင့်တင်းတဲ့ တာထွက်မှုကို လုပ်နိုင်နေခြင်းကြောင့် အသင်းသားတွေကို ပြိုင်ဘက် အသင်းကြီးတွေဘက်က စိတ်ဝင်စားမှုတွေ ရှိလာနေတာပါ။
ဒီတစ်ကြိမ် ကလပ်အသင်းကြီးတွေ သဘောကျ၊ မက်စိကျနေတာကတော့ ဘယ်ခြမ်းအစွန်းလူ Milos Kerkez ပဲ ဖြစ်ပါတယ်။
ဟန်ဂေရီ လက်ရွေးစင်ဟာ ဘယ်တောင်ပံ-အစွန်မှာလည်း ကစားနိုင်တာဖြစ်လို့ အမ်မိုရင်း ကိုင်တွယ်မယ့် ယူနိုက်တက် ကလည်း အလေးအနက် ချိန်ရွယ်လာတာ ဖြစ်ပါတယ်။
တချိန်တည်းမှာ လီဗာပူးအသင် ဘယ်ခြမ်းမှာ ရော်ဘတ်ဆန် အသက်ရလာနေပြီး ကိုစတက်ကလည်း အခြားသော အသင်းတွေက ဘယ်အစွန်လူတွေနဲ့ နှိုင်းယှဉ်ရင် တစ်ဆင့်နိမ့်နေတာပါ။ ဒါကြောင့် သွေးသစ်လောင်းဖို့ လူသစ်ရှာရင်း Kerkez ကို နှစ်သက်နေတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဘယ်အစွန်လူဟာ ၂၀၂၃ တုန်းက အေဇက်အယ်ခမာကနေ ဘုန်းမောက်အသင်းထံ လက်ရှိ လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ် ခေါ်ယူမှုနဲ့အတူ ပေါင် ၁၅.၅ သန်းဖြင့် ရောက်လာခဲ့သူဖြစ်တယ်။
ထိပ်သီးတွေဘက်က ဇန်နဝါရီ ဒါမှမဟုတ် နွေဈေးကွက်မှာ Kerkez ကို ခေါ်ယူလိုရင် ပေါင် သန်း ၄ဝ အထက် ပေးရဖို့ ရှိနေပါတယ်။