ပေါ့ဘာနဲ့ စာချုပ်ဖျက်ပြီး မန်ယူ၊ အာဆင်နယ်၊ စပါး ကစားသမားတွေကို ခေါ်ယူဖို့ ဂျူဗင်တပ် ပြင်ဆင်
စီးရီးအေ ထိပ်သီး ဂျူဗင်တပ် အသင်းဟာ ပြင်သစ်စတား ပေါလ် ပေါ့ဘာနဲ့စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရပြီးတဲ့နောက် လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ ပြန် ခေါ်ယူအားဖြည့်ဖို့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ယူနိုက်တက်၊ အာဆင်နယ်နဲ့ စပါး ကစားသမားတွေကို ပစ်မှတ်ထားလာပါတယ်။
ပေါ့ဘာဟာ ဒီလနှောင်းပိုင်းမှာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ နှစ်ဘက် သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ တားမြစ်ဆေး သုံးစွဲမှုကြောင့် ပိတ်ပင်ခံရမှုဟာ အယူခံကြောင့် လာမယ့် ဇန်နဝါရီမှာ ပြီးဆုံးကာ ဘောလုံး ပြန်ကစားနိုင်တော့မှာပါ။
ပြင်သစ်သားဟာ ဘယ်ကလပ်အသင်းသစ်ထံ ပြောင်းရွှေ့မလဲ မသေချာသေးပေမယ့် ဂျူဗင်တပ်ကတော့ ပေါ့ဘာ ထွက်သွားလို့ သက်သာသွားတဲ့ လုပ်ခလစာတွေကြောင့် ကစားသမားသစ်တွေ ခေါ်ဖို့ စတင် စီစဉ်နေပြီ ဖြစ်ပါတယ်။

အီတလီသတင်းတွေ အဆိုအရ ဂျူဗင်တပ်ဟာ ခံစစ်မှုး တစ်ဦးနဲ့ တိုက်စစ်မှုး တစ်ဦး ဇန်နဝါရီမှာ ခေါ်ယူဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ကစားသမားတွေကို လေ့လာနေတယ်လု့ိ သိရပါတယ်။
ဂျူဗင်တပ် အကြိုက်တွေ ချိန်ရွယ်နေတာကတော့ မန်ချက်စတာ ယူနိုက်တက် နွေတုန်းကမှ ခေါ်ထားတဲ့ တိုက်စစ်မှုး ဇက်ဇီး၊ စပါး ဗဟိုခံစစ်သမား ရာဒူ ဒရာဂူဆင်နဲ့ အာဆင်နယ်ရဲ့ အရန် ကစားသမား ကီဝီယောတို့ ဖြစ်ကြပါတယ်။
ဒီကစားသမားတွေအားလုံးဟာ လက်ရှိကလပ်တွေမှာ ပွဲထွက် ဦးစားပေး နေရာ ရသူတွေ မဟုတ်တာကြောင့် ကမ်းလှမ်းမှုကောင်း ရရင် အပြောင်းအရွှေ့ ဖြစ်ဖွယ် ရှိပါတယ်။
တိုက်စစ်မှုး ဇက်ဇီးဟာ နွေတုန်းကမှ ဘိုလော့ဂ်နာကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁ ဂိုးသာ သွင်းထားရသေးပါတယ်။ နည်းပြသစ် အမ်မိုရင်း အကြိုက်မတွေ့ရင် ၎င်းရဲ့ အနာဂတ်ကလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။