ရှေ့လူ အဖြုန်းကောင်းလို့ သူ့အလှည့်ကျ အသုံးစရိတ်နည်းနည်းပဲရတော့မယ့် အမော်ရင်
မန်ချက်စတာယူနိုက်တက် နည်းပြသစ် အမော်ရင်ဟာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ရရှိမဲ့ ဘတ်ဂျက် ပမာဏက နည်းပြဟောင်း အဲရစ်တန်ဟက်ထက် ပိုနည်းဖို့ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဘ၀ ၂ နှစ်ခွဲတာကာလအတွင်း အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း ၆၀၀ ကျော်အထိ သုံးစွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းကလည်း အဲရစ်တန်ဟက်ဟာ ယော်ရို၊ အူဂါတီ၊ ဒီလိဂ်၊ ဇာ့ခ်ဇီ၊ မက်ဇ်ယောင်အီတို့ကို ပေါင်သန်း ၂၀၀ နီးပါး အသုံးပြုခေါ်ယူခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟက်လက်ထက်မှာ ဈေးအကြီးဆုံး ကစားသမားခေါ်ယူမှုအဖြစ် အန်တိုနီ( ပေါင် ၈၆ သန်း)၊ ကတ်စ်မဲရိုး( ပေါင်သန်း ၇၀)၊ ဟွိုင်လန်း( ပေါင် ၇၂ သန်း)၊ မေဆင်မောင့်( ပေါင်သန်း ၆၀)တို့ကို ခေါ်ယူခဲ့ပြီး အခုအချိန်အထိ ထူးထူးခြားခြား ခြေစွမ်းပြနိုင်တာဆိုလို့ တစ်ယောက်မှ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ကစားသမား ၅ ဦး ပုံမှန်ခေါ်ယူခဲ့ပေမဲ့ လာမဲ့နှစ်၊ နွေရာသီကျရင်တော့ ကစားသမား အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကြီးကြီးမားမားဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဗြိတိန်သတင်းစာ Telegraph က သုံးသပ်ခဲ့ပါတယ်။
ယူနိုက်တက် အသင်းတာဝန်ရှိသူတွေက အမော်ရင်ရဲ့အရည်အချင်းအရ လက်ရှိကစားသမားတွေကို ပုံစံကောင်းရရှိအောင် စွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။