ဝက်ဖို့ဒ် VS ချယ်ဆီးပွဲ ပွဲရလဒ်ကို ပွဲကြို ခန့်မှန်းသုံးသပ်သွားတဲ့ ပေါမာဆန်
ဒီတစ်ပတ် ဒီဇင်ဘာ ၂ ရက်၊ ကြာသပတေးနေ့၊ နံနက် ၂ နာရီမှာ ကြားရက် ပရီးမီးယားလိဂ် အပတ်စဉ် ၁၄ ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။
နာမည်ကျော် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ဒီကြားရက် ပွဲစဉ်တွေထဲက ချယ်ဆီးပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ဝက်ဖို့ဒ် VS ချယ်ဆီး

ဒါက ချယ်ဆီးအတွက် အန္တရာယ်ရှိတဲ့ပွဲပါ။ ရာနီရာရီဟာ ဝက်ဖို့ဒ်မှာ ဖိအားတွေ အများကြီးမရှိပါဘူး။ သူက ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိသလို ဝက်ဖို့ဒ်ရဲ့ ကစားပုံနဲ့ဆိုရင် ချယ်ဆီးခံစစ်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။
ရာနီရာရီဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲတွေကို ဖွင့်ဆော့မှာဖြစ်ပြီး ဝက်ဖို့ဒ်ရဲ့ ကစားပုံနဲ့ဆိုရင် သရေပွဲအများကြီး တွေ့ရမှာ မဟုတ်ပါဘူး။
ချယ်ဆီးက ပြီးခဲ့တဲ့အပတ်က လွှမ်းမိုးခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ပိတ်ဆို့မှုကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ တီမိုဗာနာက အဆုံးသတ်ညံ့ဖျင်းပြီး ကိုင်ဟားဗတ်ရဲ့ ပါးနပ်မှုကပဲ ဝက်ဖို့ဒ်နဲ့ပွဲမှာ အရေးပါလာလိမ့်မယ်ထင်ပါတယ်။
မေဆန်မောင့်ကလဲ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ကြီးမားတဲ့လွဲချော်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ သူပါဝင်ကစားသင့်ပါတယ်။ ချယ်ဆီးအနေနဲ့ ပြိုင်ဘက်အသင်းကို ဖိနှိပ်နိုင်ဖို့ အချိန်တစ်ခုသာ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ ဒီပွဲကို အနိုင်ရရှိမှာပါ။
Prediction – Watford 1-3 Chelsea