အမ်မိုရင်း ကိုင်လည်း မန်ယူက အစ်ဝစ်ချ်ကို မနိုင်ဘူး ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်

ဒီတပတ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တန်းတက် အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ဒီပွဲက နည်းပြသစ် ရူဘန် အမ်မိုရင်းရဲ့ ပွဲဦးထွက် ပွဲ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ မှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဒီပွဲမှာ မန်ယူ မနိုင်လောက်ဘူးလို့ အခုလို ပွဲကြို သုံးသပ်လာပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ယူနိုက်တက်အတွက် အမ်မိုရင်း ပထမဆုံး ကိုင်တွယ်ရမယ့်ပွဲဟာ အစ်ဝစ်ချ်ဖြစ်နေပြီး သူတို့က ယှဉ်ပြိုင်လို့ သိပ်ကောင်းမယ့် နေရာမျိုးတော့ မဟုတ်ပါဘူး။ စပါးကို နိုင်လိုက်တာကြောင့် အစ်ဝစ်ချ်တို့ ယုံကြည်မှုတွေရှိနေမှာပါ။

အစ်ဝစ်ချ်က ဒီရာသီ အိမ်ကွင်းမှာ ၃ ပွဲဆက် သရေကျထားတာမို့ သူတို့မှာ ယှဉ်ပြိုင်လိုစိတ် ရှိနေပါတယ်။ လက်ရွေးစင်ကနေ ပြန်လာမယ့် ကစားသမားဟာ အမ်မိုရင်းရဲ့ စနစ်သစ်မှာ ချက်ချင်းကြီး အထိုင်ကျဦးမှာလည်း မဟုတ်ပါဘူး။

အစ်ဝစ်ချ်ရဲ့ တိုက်စစ်က အတော်လေး ကောင်းတာကြောင့် ယူနိုက်တက်တို့ ခုခံရတဲ့ အခိုက်အတန့်တွေလည်း ရှိပါလိမ့်မယ်။

လူတိုင်းက အမ်မိုရင်းရဲ့ ပထမဆုံးပွဲကို အနိုင်ရမယ် ထင်ပေမယ့် ကျနော်ကတော့ သရေကျသွားမယ် ထင်မိပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

အစ်ဝစ်ချ် ၁-၁ မန်ချက်စတာ ယူနိုက်တက်။