ဒိုလေး ဦးဆောင်မှုနောက် လိုက်ဖို့ တိုက်တွန်းမှု၊ ဘစ်ဆိုမာ အခြေနေ၊ ကော်တင်ဟို ပါမယ့် ပွဲနဲ့ မန်ယူ သတင်းများ

ဘရိုက်တန် နည်းပြ ပေါ်တာက မန်ယူ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဘစ်ဆိုမာကို ဇန်နဝါရီမှာ ဆက် ထိန်းနိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်း၊ ဘစ်ဆိုမာလို ကစားသမားအနေနဲ့ကောလဟာလတွေ ထွက်ပေါ်နေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကွင်းလယ်လူဟောင်း ဟားဂရေ့ဗ်က မန်ယူ လူငယ် ကစားသမားတွေအနေနဲ့ အဓိက တိုက်စစ်မူှး စီရော်နယ်ဒိုရဲ့ ဦးဆောင်မှုနောက်ကို လိုက်သင့်ကြောင်း၊ ဝါရင့် ကစားသမားတွေဟာ လူငယ်တွေကို အမြဲတမ်း ကူညီနိုင်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် အင်တာနည်းပြ အင်ဇာဂီကိုလည်း ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းဌာနတွေ က ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ အင်ဇာဂီအတွက ်မေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒါဘီနည်းပြ ရွန်းနီက သူ့အနေနဲ့ မန်ယူ လူငယ် တိုက်စစ်ကစားသမား ဒီရယ်လိုကို သဘောကျကြောင်း၊ မန်ယူက သာမက တခြားအသင်းက လူငယ်ကစားသမားတွေကိုပါ သူတို့အနေနဲ့ စောင့်ကြည့်နေကြောင်း၊ ဒါပေမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒီရယ်လို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မူှး စီရော်နယ်ဒိုက အသင်းဖော်တွေရဲ့လေ့ကျင့်ရေးကွင်းက စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြောင်း သိရပါတယ်။ မန်ယူ ကစားသမားတွေ အနေနဲ့ လေ့ကျင့်ရေးမှာအချိန်ပိုတွေဆင်းကာ ဒီထက် ပိုမိုကြိုးစား အားထုတ်သင့်တယ်လို့ စီရော်နယ်ဒိုက ယူဆနေတာပါ။

ဗီလာကွင်းလယ်လူသစ် ကော်တင်ဟိုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင် ပွဲထွက်နိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ကော်တင်ဟိုအနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက လေ့ကျင့်ခန်းဆင်းနေပြီး ပြဿနာ မရှိကြောင်း၊ ကော်တင်ဟိုရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း ကောင်းမွန်နေကြောင်း ဂျရတ်က ဖွင့်ဟခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက မန်ယူအနေနဲ့ နည်းပြရန်နစ်နဲ့ လိုက်ဖက်မှု မရှိဘူးလို့ သုံးသပ်လိုက်ပြီး ရန်နစ် သုံးတဲ့ ကစားကွက်က လက်ရှိ မန်ယူအသင်းလူစာရင်းနဲ့ လိုက်ဖက်မှုမရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

ဘရာဇီးကလပ် ဖလာမင်ဂိုအနေနဲ့ မန်ယူကွင်းလယ်လူ ပါရဲရားကို အပြီးသတ်ဝယ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေကြောင်း GOAL က အတည်ပြုဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ ပါရဲရားအတွက် ယူရို ၁၀ သန်းတောင်းဆိုထားပြီး ဖလာမင်ဂိုက အဲဒီထက် နည်းပါးတဲ့ ပမာဏနဲ့သာ ခေါ်ယူလိုနေတာပါ။