သဘောအကောင်းဆုံး လူ Smiling One လုပ်မယ်လို့ အသိပေးလိုက်တဲ့ ယူနိုက်တက် နည်းပြသစ် အမ်မိုရင်

အခုလည်း မော်ရင်ညို လက်သစ်လို့ နှိုင်းယှဉ်ခံထားရတဲ့ ယူနိုက်တက် နည်းပြသစ် အမ်မိုရင်းက သူ Smiling One လုပ်မယ် လို့ ပြောဆိုလိုက်ပါတယ်။

တချိန်က ဂျို့စ် မော်ရင်ညို ပရီးမီးယားလိဂ်ကို စတင် ခြေချစဉ် သူက Special One ပါ လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။

ယူနိုက်တက် နည်းပြသစ် အမ်မိုရင်းကတော့ ” ကျွန်တော်က Smiling One ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အလုပ်တွေ လုပ်စရာ ရှိတော့ ကျွန်တော်က မတူညီတဲ့ ပုံစံလည်း မြင်ရမှာပါ။ ပျော်သင့်တဲ့ နေရာမှာ ပျော်ပြီး လိုအပ်ရင် အညှာတာ ကင်းကင်း လုပ်မှာပါ။

ခင်ဗျားတို့ မြင်ဖူးသမျှထဲ သဘော အကောင်းဆုံးလူ ဖြစ်နိုင်သလို မတူညီတဲ့ လူ တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ ကစားသမားတွေကို သိအောင် လုပ်နေရတုန်း ဆိုပေမယ့် မေဆန်မောင့် ကိုတော့ ချစ်ခင် သဘောကျကြောင်း၊ အသင်း အတွက် အရေးပါမယ့်သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အသက် ၃၉ နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီသား နည်းပြ အမ်မိုရင်းဟာ တချိန်က ပေါ်တူဂီသားကြီး မော်ရင်ညို လို ပရီးမီးယားလိဂ် ကို ကိုင်လှုပ်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။