ဒီရာသီရဲ့ အကောင်းဆုံး Come Back ဇာတ်လမ်းကတော့ ဒေးဗစ် ဒီဂီယာ ပါပဲ

စပိန်သား ဂိုးသမား ဒေးဗစ်ဒီဂီယာ ပြန်လာနိုင်မှုဟာ ဒီရာသီရဲ့ အကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။

ယူနိုက်တက်ကနေ ထွက်ခွာလာပြီး အချိန်တော်ကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့ရတဲ့ ဒီဂီယာဟာ ဒီရာသီမှာတော့ ကလပ်အသင်းသစ် ဖီအိုရင်တီးနား နဲ့ အတူ ပြန်လည် တောက်ပလာတာပါ။

ဒီဂီဟာဟာ ဒီရာသီမှာ ထိပ်တန်းကစားသမားတွေထက် ပိုပြီး ဂိုးဖန်တီမှု လုပ်နိုင်ခဲ့ပါတယ်။

ဖီအိုရင်တီးနားအတွက် ဒီဂီယာရဲ့ နောက်ဆုံး ၉ ပွဲ စွမ်းဆောင်ရည် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

▶️ ၉ ပွဲအနိုင်ရ
▶️ ၂၉ ကာကွယ်မှု
▶️ ၅ပွဲ ဂိုးမပေးရ
▶️ MOTM ၂ကြိမ်
▶️ ဂိုးဖန်တီးမှု၁ကြိမ်
▶️ ၀ ပွဲရှုံး

၂၀၂၃ ခုနှစ် ဇွန်လမှာ မန်ချက်စတာ ယူနိုက်တက်က ထွက်ခွာပြီး တစ်နှစ်ကျော် ကလပ်မဲ့နေခဲ့ပြီးနောက် ဒီဂီယာဟာ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ မှ ဖီအိုရင်တီးနားနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ ဖီအိုရင်တီးနားအသင်း ဒီနှစ်ရာသီ စီးရီးအေ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဇယားထိပ်က နာပိုလီထက် တစ်မှတ်သာ ကွာဟနေပါတယ်။

မန်ချက်စတာကနေ လွင့်ခဲ့ရပေမယ့် ဒီဂီယာရဲ့ ဂန္တဝင်လက်စွမ်းက ဖလောရင့်မှာ ဆက်ရှိနေပါတယ်။