ပြောခံနေရတဲ့ ရွန်းနီ၊ မန်ယူရဲ့ ဘယ်စွန် နောက်ခံလူနဲ့ တိုက်စစ် ပ*စ်မှတ်များ၊ ဘရိတ်ဝိတ်ကို အပြိုင်ခေါ်ချင်လာတဲ့ ရီးရဲလ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေမှာတော့ ဘယ်စွန် နောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပြီး အေစီမီလန်မှ သီယို ဟာနန်ဒက်စ်ကို မျက်စိကျနေကြောင်း သတင်းထွက်လာပါတယ်။

ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီး တော်တေ်ာများများ စောင့်ကြည့်နေကြတဲ့ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ် ကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အဲဗာတန်ကတော့ ဘရိတ်ဝိတ် အတွက် ယူရို သန်း ၇ဝ ထက် ပိုတဲ့ ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားဖွယ် ရှိပါတယ်။

လာမယ့် ဇန်နဝါရီမှာ တိုက်စစ်ကို အင်အားဖြည့်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဘွန်ဒစ်လီဂါ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

၎င်းတို့ကတော့ ဖရန့်ဖတ်မှ Omar Marmoush နဲ့ ဘိုင်ယန်လီဗာကူဆင်မှ Victor Boniface တို့ ဖြစ်ကြပါတယ်။

သရဲနီဟောင်း ဖြစ်သလို ပလိုင်းမောက်အသင်းရဲ့ နည်းပြဖြစ်သူ ဝိန်း ရွန်နီဟာ နည်းပြအလုပ်ကို ဘယ်တော့မှ မလုပ်သင့်တော့ဘူးလို့ပါ ပလိုင်းမောက် အသင်းပရိသတ်တွေက ပြောဆို ဝေဖန်နေပါတယ်။