ဒီည ယူရိုပါလိဂ် ပွဲမတိုင်ခင် မက်ဂွိုင်းယား ဒဏ်ရာနဲ့ ပြန်ပါမယ့် ကစားသမား တစ်ဦး အခြေအနေကို အမော်ရင် အသိပေး
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ FK Bodø/Glimt အသင်းနဲ့ ယူရိုပါလိဂ် ပွဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။
ဒီပွဲက နည်းပြ အမော်ရင် ရဲ့ ဒုတိယမြောက် ပွဲစဉ် ဖြစ်ပြီး နိုင်ပွဲရအောင် ပုံဖော်နိုင်သင့်တဲ့ ဒုတိယ အကောင်းဆုံး အခွင့်အရေး ပွဲစဉ် လည်း ဖြစ်ပါတယ်။
ဒီပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာတော့ နောက်ခံလူ မက်ဂွိုင်းယား ဒဏ်ရာကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်တယ် လို့ နည်းပြ အမော်ရင်က အသိပေးခဲ့ပါတယ်။
မက်ဂွိုင်းယား မပါနိုင်ပေမယ့် တခြား ဗဟိုခံစစ်သမား ဖြစ်တဲ့ မာတီနက်ဇ် မှာ ပြန်ပါဝင်နိုင်မည်ဖြစ် ကြောင်းနည်းပြ အမော်ရင်မှ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင် နေရပေမယ့် ဒီရာသီ ယာယီနည်းပြ နစ္စတယ်ရွိုင်း ယူပေးခဲ့တဲ့ ဥရောပ နိုင်ပွဲ တစ်ပွဲသာ ရှိသေးပြီး ယူရိုပါလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရောက်ရှိနေပါတယ်။