ဇန်နဝါရီမှာ ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက် ရွေးထုတ်လိုက်တဲ့ တို*က်စ*စ် ပ*စ်မှတ် ကစားသမား ၄ ဦး
နည်းပြ အမ်မိုရင်းရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယိုယွင်းေ်နတဲ့ တိုက်စစ်ကို အားဖြည့်ဖို့ ဇန်နဝါရီမှာ ခေါ်ယူချင်တဲ့ တိုက်စစ် ပစ်မှတ် ကစားသမား ၄ ဦးကို ရွေးချယ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ တိုက်စစ် ပစ်မှတ် ၄ ဦး ကတော့ ဖရန့်ဖတ်မှ အိုမာ မာမို့၊ ဂါလာတာစာရေး မှ ဗစ်တာ အိုဆီမန်၊ ပီအက်စ်ဂျီမှ ကိုလို မူအမ်နီနဲ့ ဘိုင်ယန် လီဗာကူဆင်မှ ဗစ်တာ ဘိုနီဖေ့စ်တို့ ဖြစ်တယ်လို့ စကိုင်း ဂျာမနီက ဖော်ပြပါတယ်။
ဂါလာတာစာရေးမှာ အငှား ကစားနေတဲ့ အိုဆီမန်ကတော့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၃ သန်း ရှိပြီး ဒီရာသီ ၁ဝ ပွဲ ကစား ၈ ဂိုး သွင်းယူထားပါတယ်။

အိုမာ မာမို့ဟာ ဒီရာသီ ဖရန့်ဖတ်မှာ ခြေစွမ်းပြနေပြီး ၁၁ ပွဲမှာ ၁၁ ဂိုး သွင်းထားပါတယ်။ ၎င်းကို ပေါင် သန်း ၅ဝ ဝန်းကျင် တန်ကြေး သတ်မှတ်ထားပါတယ်။
ကိုလို မူအမ်နီနဲ့ ဘိုနီဖေ့စ်တို့ နှစ်ဦးကတော့ ဦးစားပေး ပစ်မှတ်တွေတော့ မဟုတ်ကြပါဘူး။ ပီအက်စ်ဂျီကတော့ မူအမ်နီကို အငှား ဒါမှ မဟုတ် ပြင်သစ်သားကို အပြီး အရောင်းလည်း လက်ခံစဉ်းစားဖို့ လမ်းဖွင့်ထားပါတယ်။
လီဗာကူဆင်ကတော့ တိုက်စစ်မှုး ဘိုနီဖေ့စ် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖွယ် မရှိပါဘူး။
စပို့တင်း တိုက်စစ်မှုး ယိုကီရက်စ်က ယူနိုက်တက် ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ပေမယ့် နည်းပြ အမ်မိုရင်းက ဇန်နဝါရီမှာ စပို့တင်း ကစားသမားတွေကို မခေါ်ဘူးလို့ ဆိုထားတာကြောင့် ဖြစ်လာနိုင်ခြေ နည်းပါတယ်။
မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို အာမခံပေးနိုင်မယ့် တိုက်စစ်မှုး တစ်ဦးက တကယ်ကို လိုအပ်နေပြီ ဖြစ်ပြီး ယူနိုက်တက် တိုက်စစ်ဟာ ဂိုး အဆုံးသတ်ပိုင်းမှာ အတော်ကို ရုန်းကန်နေရပါတယ်။